အင်ဒိုနီးရှားနိုင်ငံအနေဖြင့် ဇီဝဒီဇယ်ဆီတွင် စားအုန်းဆီ ၅၀ ရာခိုင်နှုန်းအထိ ပါဝင်ရောစပ် ၍ အသုံးပြုရေးကို အကောင်အထည်ဖော်ဆောင်နိုင်မည့် အခြေအနေနှင့် လေယာဉ်ဆီ၌ စားအုန်း ဆီ ၃ ရာခိုင်နှုန်း ရောစပ်သုံးစွဲနိုင်မည့် အလားအလာတို့ကို လေ့လာဆန်းစစ်လျက်ရှိသည်ဟု စွမ်းအင်ဝန်ကြီးဌာနမှ အကြီးတန်းအရာရှိ Eniya Listiani Dewi က ဖေဖော်ဝါရီ ၁ ရက်နေ့၌ လွှတ်တော်အမတ်များသို့ ရှင်းလင်းပြောဆိုခဲ့သည်။
ကမ္ဘာ့အကြီးမားဆုံး စားအုန်းဆီထုတ်လုပ်သည့် အင်ဒိုနီးရှားနိုင်ငံသည် ယခုနှစ်တွင် ဇီဝ ဒီဇယ်ဆီ၌ စားအုန်းဆီ ရောစပ်သုံးစွဲမှုကို ၃၅ ရာခိုင်နှုန်းမှ ၄၀ ရာခိုင်နှုန်းသို့ မဖြစ်မနေ မြှင့်တင် သုံးစွဲသည့် B40 အစီအစဉ်ကို ဆောင်ရွက်ခဲ့သည်။
နိုင်ငံ၏ မဖြစ်မနေဖော်ဆောင်မည့် ဇီဝဒီဇယ်ဆီ အစီအစဉ်အား အထောက်အပံ့ပေးရန် အတွက် အစိုးရသည် ဆီအုန်းစိုက်ခင်းရန်ပုံငွေ ရူပီးယား ၃၅.၄၇ ထရီလီယံ (ဒေါ်လာ ၂.၂ ဘီလီယံ) ကို ခွဲဝေပေးမည်ဖြစ်ကြောင်း၊ ယခုနှစ်တွင် ရောင်းချမည့် ဇီဝဒီဇယ်ဆီ ကီလိုလီတာပေါင်း ၁၅.၆၂ သန်း၏ ထက်ဝက်ခန့်အတွက် အစိုးရက အထောက်အပံ့ပေးလိမ့်မည်ဖြစ်ကြောင်း Eniya Listiani Dewi က ပြောကြားခဲ့သည်။
Source: Reuters, 18 Feb 2025(လယ်ယာထွက်ကုန်များနှင့် အဓိကသွင်းကုန်များ၏ နိုင်ငံတကာဈေးကွက်စောင့်ကြည့်လေ့လာရေးအဖွဲ့)