ထိုင်းနိုင်ငံအနေဖြင့် တောင်အာဖရိကနိုင်ငံသို့ တန်ဖိုးအားဖြင့် ဘတ်ငွေ ၅.၂၅ ဘီလီယံ (ဒေါ်လာ ၁၅၆ သန်း) ရှိသော ဆန်တန်ချိန် ၃၀၀၀၀၀ ကို တင်ပို့ရန်အတွက် ရှေ့လာမည့်လအတွင်း စာချုပ်ချုပ်ဆိုသွားမည်ဖြစ်သည်ဟု ထိုင်းကူးသန်းရောင်းဝယ်ရေးဝန်ကြီး Pichai Naripthaphan က ဖေဖော်ဝါရီ ၁၈ ရက်နေ့တွင် ပြောဆိုခဲ့ကြောင်း ရိုက်တာသတင်းဌာနက ဖော်ပြပါသည်။
အလားတူ ပြည်တွင်း၌ ပိုလျှံလျက်ရှိသော ဆန်လက်ကျန်ပမာဏကို လျှော့ချနိုင်ရန် အတွက် တရုတ်နိုင်ငံသို့ ဆန်မက်ထရစ်တန်ချိန် ၂၈၀၀၀၀ ကိုလည်း တင်ပို့ရောင်းချနိုင်ရေး ထိုင်း အစိုးရက စေ့စပ်ညှိနှိုင်း ဆွေးနွေးလျက်ရှိသည်ဟု ထိုင်းကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားပါသည်။
Source: Reuters, 18 Feb 2025(လယ်ယာထွက်ကုန်များနှင့် အဓိကသွင်းကုန်များ၏ နိုင်ငံတကာဈေးကွက်စောင့်ကြည့်လေ့လာရေးအဖွဲ့)