အီဂျစ်နိုင်ငံသည် ဗြိတိန်၊ ဆော်ဒီကုမ္ပဏီများနှင့် အမေရိကန်ဒေါ်လာ ၇ ဘီလီယံတန် ရေနံဓာတု စက်ရုံဆောက်လုပ်ရန် စီစဉ်လျှက်ရှိ

Powered by Drupal

အီဂျစ်နိုင်ငံသည် ၎င်း၏ မြောက်ဘက်ကမ်းရိုးတန်းမြို့ New Alamein ရှိ ရေနံဓာတုဗေဒ ဆိုင်ရာ အဆောက်အအုံတစ်ခုအတွက် ဗြိတိန်နိုင်ငံ Shard Capital နှင့် အမေရိကန်ဒေါ်လာ ၇ ဘီလီယံ တန်ဖိုးရှိ မူဘောင်သဘောတူညီချက်တစ်ရပ်ကို ဆော်ဒီအာရေဗျနိုင်ငံမှ Alkahtani အုပ်စုနှင့် ပူးပေါင်း၍ လက်မှတ်ရေးထိုးခဲ့ကြောင်း အီဂျစ်ရေနံနှင့်ဓာတ်သတ္တုအရင်းအမြစ်ဝန်ကြီးဌာနက ဖေဖော်ဝါရီ ၁၉ ရက်နေ့တွင်ပြောကြားခဲ့သည်။ အဆိုပါသဘောတူညီချက်ကို Egyptian Petro-chemicals Holding Company၊ Egypt's General Authority for Investment and Free Zones နှင့် Shard Capital တို့မှ အကြီးတန်းကိုယ်စားလှယ်များ လက်မှတ်ရေးထိုးခဲ့ကြောင်း ဝန်ကြီးဌာန၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ ထိုစီမံကိန်းသည် အရည်အသွေးမြင့် ရေနံဓာတု ထုတ်ကုန်များ ထုတ်လုပ်ရန်နှင့် အီဂျစ်နိုင်ငံအတွက်ခိုင်မာသော စီးပွားရေးတိုးတက်မှုကို အထောက်အကူဖြစ်စေ မည့် ထုတ်လုပ်မှုနှင့် ပို့ကုန်များအား နိုင်ငံခြားငွေဖြင့် ပြည်တွင်းစက်မှုလုပ်ငန်းအတွက် မရှိမဖြစ် လိုအပ်သော သွင်းအားစုများအား ပံ့ပိုးပေးမည်ဖြစ်ကြောင်း လက်မှတ်ရေးထိုးပွဲအခမ်းအနားသို့ တက်ရောက်ခဲ့သည့် အီဂျစ်ရေနံနှင့် ဓာတ်သတ္တုအရင်းအမြစ်ဝန်ကြီး Karim Badawi က ပြောကြားခဲ့ သည်။ နိုင်ငံ၏အကြီးဆုံး စွမ်းအင်ပြပွဲဖြစ်သော Egypt Energy Show 2025 တွင် လက်မှတ်ရေးထိုးခဲ့ သည့် မူဘောင်သဘောတူညီချက်သည် အီဂျစ်နိုင်ငံ၏ ရေနံအရင်းအမြစ်များကို အကောင်းဆုံးဖြစ်စေ ရန်၊ စက်မှုတိုးတက်မှုကို တွန်းအားပေးရန်နှင့် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုကို ပံ့ပိုးရန်အတွက်ပို့ကုန် များမြှင့်တင်ရန် ရည်ရွယ်ထားကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

DOCA(ရန်ကုန်)