MAFF သည် ပြည်နယ် (၄) ခုရှိ သီဟိုဠ်စေ့အထွက်နှုန်းကို ကြည့်ရှုစစ်ဆေး

Powered by Drupal

          စိုက်ပျိုးရေး၊ သစ်တောနှင့် ရေလုပ်ငန်းဝန်ကြီးဌာန(MAFF) မှ တာဝန်ရှိသူများသည် ပြည်နယ် (၄) ခုတွင် စက်မှုသီးနှံများ အထူးသဖြင့် သီဟိုဠ်စေ့အထွက်နှုန်းအခြေနေများကို ကြည့်ရှုစစ်ဆေးခဲ့ကြသည်။ သီဟိုဠ်စေ့အထွက်နှုန်းသည် ၂၀၂၄ ခုနှစ်ထက် တိုးတက်လာခဲ့ခြင်း သည် ဒေသခံတောင်သူများထံ ခေတ်မီစိုက်ပျိုးရေး အသိုင်းအဝိုင်းများထူထောင်ခြင်း၏ အကျိုး ကျေးဇူးများနှင့် သီဟိုဠ်စေ့ဈေးနှုန်းများမြင့်မားလာခြင်းကြောင့်ဖြစ်ခဲ့သည်။ တာရှည် အအေးဒဏ်ကြောင့် သီဟိုဠ်စေ့အထွက်နှုန်းသည် ၂၀၂၄ ခုနှစ်နှင့်နှိုင်းယှဉ်ပါက လျော့နည်းခဲ့ ကြောင်း MAFF မှ အတွင်းရေးမှူး Touch Bun Hour ကပြောကြားခဲ့သည်။ သို့သော် ယခုနှစ် သီဟိုဠ်စေ့များ၏ အရည်အသွေးမှာ ပိုမိုကြီးမားသောအခွံမာသီးများနှင့် ပိုမိုကောင်းမွန်သော အသားများပါရှိပြီးအထွက်နှုန်းသည် ၂၀၂၄ ခုနှစ်ထက်သာလွန်နိုင်ကြောင်း ဆက်လက်ပြောကြား ခဲ့သည်။ စစ်ဆေးစဉ်အတွင်း ခေတ်မီစိုက်ပျိုးရေးအသိုက်အဝန်းသည် အရင်းအနှီး၊ စိုက်ပျိုရေး သွင်းအားစုများ၊ ဈေးကွက်များ၊ ပြတ်သားသောထုတ်လုပ်မှုအစီအစဉ်များနှင့် အခြားအကျိုး ကျေးဇူးများစွာကို ပေးစွမ်းနိုင်သည်ဟု ပြောကြားခဲ့သည်။

DOCA(ရန်ကုန်)