အာဂျင်တီးနားနိုင်ငံ၏အဓိက စိုက်ပျိုးမွေးမြူရေးကုန်သွယ်ဖက်နိုင်ငံဖြစ်လာသည့် ဗီယက်နမ်

Powered by Drupal

          ဗီယက်နမ်သည် ၂၀၂၄ ခုနှစ်တွင် ပြောင်းတန်ချိန် ၆ သန်းနှင့် ပဲပိစပ်အမှုန့် တန်ချိန် ၃.၄ သန်းကျော်နှင့်အတူ အာဂျင်တီးနားနိုင်ငံ၏ အဓိကပြောင်းနှင့် ပဲပိစပ်အမှုန့်တင်သွင်းသူ ဖြစ်လာကြောင်း သိရပါသည်။ အာဂျင်တီးနားနိုင်ငံ၏ Rosario Grain Exchange (BCR) ထံ မှ အချက်အလက်များအရ ဗီယက်နမ်သည် အာဂျင်တီးနား၏ အဓိကစိုက်ပျိုးမွေးမြူရေး ကုန်သွယ်ဖက်အဖြစ်ရပ်တည်နေကြောင်း သိရပါသည်။ BCR ၏အဆိုအရ လွန်ခဲ့သည့် ၆ နှစ် အတွင်း ကမ္ဘာ့ထိပ်တန်းစိုက်ပျိုးမွေးမြူရေးထုတ်လုပ်သူဖြစ်သည့် အာဂျင်တီးနားသည် နှံစား အစေ့အဆံတန်ချိန် ၅၃၆ သန်းတင်ပို့ရာမှ ဝင်ငွေ အမေရိကန်ဒေါ်လာ ၁၈၉ ဘီလီယံ ရရှိခဲ့ ကြောင်း သိရပါသည်။ မိုးခေါင်မှုဖြစ်ပေါ်ခဲ့သည့် ၂၀၂၃ ခုနှစ်မှအမ ၂၀၁၉ ခုနှစ်မှ ၂၀၂၄ ခုနှစ် အတွင်း အာဂျင်တီးနားသည် နှစ်စဉ် ပျမ်းမျှနှံစားအ‌စေ့အဆံတန်ချိန် ၉၆ သန်းနီးပါး တင်ပို့ လျှက်ရှိကြောင်း သိရပါသည်။ ၎င်းပမာဏထဲမှထက်ဝက်ခန့်သည်အာရှတိုက်နှင့် လေးပုံ တစ်ပုံမှာ အရှေ့တောင်အာရှသို့ဖြစ်ကြောင်း သိရပါသည်။ အရှေ့တောင်အာရှသည် လျှင်မြန် သောစီးပွားရေးကြီးထွားမှုနှင့်အတူ ဒေသတွင်းအစားအစာစားသုံးမှုပုံစံမှာ အလွန်ကွဲပြား ကြောင်း သိရပါသည်။  အရှေ့တောင်အာရှသည် စိုက်ပျိုးမွေးမြူရေးကဏ္ဍအတွက် မဟာ ဗျူဟာကျသောဈေးကွက်ဖြစ်လာပြီး ကမ္ဘာ့ပဲပိစပ်မှုန့်ကုန်သွယ်မှု၏ ၂၈ ရာခိုင်နှုန်း၊ ကမ္ဘာ့ ဝက်သားစားသုံးမှု၏ ၁၀ ရာခိုင်နှုန်းနှင့် မွေးမြူရေးထုတ်ကုန်စားသုံးမှု၏ ၉ ရာခိုင်နှုန်း ရှိကြောင်း သိရပါသည်။ အရှေ့တောင်အာရှတွင် ဗီယက်နမ်သည် အာဂျင်တီးနား၏ ဒေသသို့ ပြောင်းနှင့် ပဲပိစပ်အမှုန့်တင်ပို့မှု၏ ထက်ဝက်ခန့်ရှိကြောင်း သိရပါသည်။ လွန်ခဲ့သည့် ဆယ်စု နှစ်ကျော်တွင် အရှေ့တောင်အာရှသည် အာဂျင်တီးနားစိုက်ပျိုးမွေးမြူရေးထုတ်ကုန်များ အတွက် အဓိကဦးတည်ရာနေရာဖြစ်လာကြောင်း သိရပါသည်။ လတ်တလောတွင် ၂၀၁၉ ခုနှစ်မှစ၍ အာဂျင်တီးနား၏ အရှေ့တောင်အာရှသို့တင်ပို့မှုမှာ ၂.၇ ဆနှင့် အရှေ့တောင်အာရှ သို့တင်ပို့မှုမှာ ၄ ဆမြင့်တက်ခဲ့ကြောင်း သိရပါသည်။ ဒေသ၏စီးပွားရေးကြီးထွားမှုက ထိုဖြစ်စဉ်တွင် အဓိကကဏ္ဍက ရပ်တည်နေကြောင်း သိရပါသည်။ ၂၀၀၉ မှ ၂၀၂၃ အတွင် ဗီယက်နမ်၏ GDP သည် နှစ်ဆနှင့် အင်ဒိုနီးရှားနှင့် ဖိလစ်ပိုင်၏ GDP သည် ၆၀ ရာခိုင်နှုန်း ကြီးထွားခဲ့ကြောင်း သိရပါသည်။ ‌ဒေသ၏ပျမ်းမျှကြီးထွားနှုန်းသည် တစ်နှစ်လျှင် ၃.၂ ရာခိုင်နှုန်းရှိပြီး လူသားအရင်းအမြစ်ဖွံ့ဖြိုးတိုးတက်မှုအညွှန်းကိန်းသည်လည်း သိသာစွာ မြင့်တက်လျှက်ရှိကြောင်း သိရပါသည်။ ထို့ပြင် အရှေ့တောင်အာရှ၏ တိရိစ္ဆာန်အစားအစာ အတွက် ဝယ်လိုအားမှုသည်း မြင့်တက်ရန်မျှော်လင့်ရကြောင်း သိရပါသည်။ ဒေသသည် ကမ္ဘာ့ပြောင်းတင်သွင်းသည့် ဈေးကွက်ဝေစု၏ ၂၀ ရာခိုင်နှုန်းနှင့် ပဲပိစပ်အမှုန့် တင်သွင်းသည့် ဈေးကွက်ဝေစု၏ ၇၀ ရာခိုင်နှုန်း ရှိကြောင်း သိရပါသည်။ ဗီယက်နမ်သည် အာဂျင်တီးနား၏ စိုက်ပျိုးမွေးမြူရေးထုတ်ကုန်အတွက် အဓိကကုန်သွယ်ဖက်အဖြစ် ဆက်လက်တည်ရှိနေမည် ဖြစ်ပြီး ၂၀၃၄ ခုနှစ်တွင် ပြောင်း တန်ချိန် ၆ သန်းနှင့် ပဲပိစပ်အမှုန့် တန်ချိန် ၁.၇ သန်း ထပ်တိုး တင်သွင်းရန်ခန့်မှန်းရကြောင်း သိရပါသည်။

DOCA(ရန်ကုန်)