
AI နည်းပညာဖွံ့ဖြိုးတိုးတက်မှုသည် အင်ဒိုနီးရှား၏ ဒစ်ဂျစ်တယ်စီးပွားရေးကြီးထွားမှု အတွက် အခွင့်အလမ်းများကို ဖန်တီးပေးနိုင်ကြောင်း ဆက်သွယ်ရေးနှင့် ဒစ်ဂျစ်တယ်ရေးရာ ဝန်ကြီးဌာန ဒုတိယဝန်ကြီး Nezar Patria က ပြောကြားခဲ့ပါသည်။ Patria ကAi သည် ၂၀၃၀ ခုနှစ်တွင် နိုင်ငံ၏ GDP ကို အမေရိကန်ဒေါ်လာ ၃၆၆ ဘီလီယံထိ ပံ့ပိုးပေးနိုင်မည်ဟု မျှော်လင့်ရကြောင်းနှင့် ထိုကြီးထွားမှုသည် ရောင်းချခြင်းလုပ်ငန်းနယ်ပယ်၊ ဂိမ်းဆော့ခြင်းနှင့် ပညာရေးကဏ္ဍ တို့၏မောင်းနှင်အားကြောင့်ဖြစ်ကြောင်း ၂၁.၂ ၂၀၂၅ ရက်နေ့က ကျင်းပခဲ့ သည့် Tech & Telco Summit 2025 တွင် ပြောကြားခဲ့ပါသည်။ ၂၀၂၄ ခုနှစ်အာရှစီးပွားရေး အပေါ် Google ကသုတေသန ပြုလုပ်သဘောထားကောက်ခံချက်အရ ထိုလုပ်ငန်းသုံးခု သည် AI နည်းပညာအပေါ်စိတ်ဝင်စားမှုအမြင့်ဆုံးဖြစ်ကြောင်း သိရပါသည်။ ၆၉ ရာခိုင်နှုန်း သော အဖွဲ့အစည်းများနှင့် ကုမ္ပဏီများက ၎င်းတို့သည် AI နည်းပညာတွင် ကျွမ်းကျင်မှုရှိသော သူများသာ ငှားရမ်းတော့ကြောင်း ဖော်ပြခဲ့သည်ဟု သိရပါသည်။ Patria က ထို့ကြောင့် အစိုးရသည် နိုင်ငံတော် AI ဖွံ့ဖြိုးတိုးတက်ရေးတွင် နည်းပညာနှင့် အသိပညာလွှဲပြောင်းရယူ နိုင်ရန် နည်းပညာကုမ္ပဏီကြီးများနှင့် ဆက်လက်ပူးပေါင်းဆောင်ရွက်မည်ဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။ ထို့ပြင် Patria ကအင်ဒိုနီးရှား၏ AI ဂေဟစနစ်တွင်ပါဝင်သူများနှင့် ကမ္ဘာလုံး ဆိုင်ရာမဟာဗျူဟာမိတ်ဖက်များကြား ပူးပေါင်းဆောင်ရွက်မှုအားကောင်းခြင်း၏ အရေးပါမှု ကို အသားပေးပြောကြားခဲ့ကြောင်း သိရပါသည်။
DOCA(ရန်ကုန်)