
လျှပ်စစ်နှင့် Hybrid မော်တော်ကားများသည် ၂၀၂၅ ခုနှစ်နှင့် လာမည့်နှစ်များတွင် အားကောင်းသောကြီးထွားမှုရရှိရန် ခန့်မှန်းရပြီး ၂၀၂၅ ခုနှစ်တွင် ကြီးထွားနှုန်း ၂၅-၃၀ ရာခိုင်နှုန်း ရရှိရန်မျှော်လင့်ရကြောင်း သိရပါသည်။ Nextgen Vietnam JSC ၏ လုပ်ငန်းခွဲ ဖြစ်သည့် Oto.com.vn ၏ ဈေးကွက်သုတေသနဦးစီးဌာန၏အဆိုအရ ယခင်နှစ်များတွင် အစိမ်းရောင်မော်တော်ယာဉ်များသည် ဗီယက်နမ်ကားဈေးကွက်တွင် ပမာဏအနည်းငယ်သာ ပါဝင်ကြောင်း သိရပါသည်။ သို့သော် ၂၀၂၄ ခုနှစ်တွင် VinFast ထံမှ လျှပ်စစ်ကား ၈၇၀၀၀စီး၊ တိုယိုတာထံမှ Hybrid မော်တော်ကား ၅၃၅၀ စီး၊ ဆူဇူကီးထံမှ Hybrid မော်တော်ကား ၂၅၁၅ စီးနှင့် ဟွန်ဒါထံမှ Hybrid မော်တော်ကား ၁၉၀၅ စီး ပါဝင်သည့် ရောင်းချရမှုပမာဏ အစီးရေ ၉၇၀၀၀ ထိ ရောက်ရှိခဲ့ကြောင်း သိရပါသည်။ ထိုရောင်းချမှုသည် ခရီးသည်တင်ကား သစ်ရောင်းချခဲ့ရမှု၏ ၂၂ ရာခိုင်နှုန်းထိရှိနေခြင်းကဗီယက်နမ်သုံးစွဲသူများကြား သဘာဝ ပတ်ဝန်းကျင်နှင့်သင်လျော်သည့်ကားများအတွက် ဦးစားပေးမှုကြီးထွားလာခြင်းကို ပြသနေ ကြောင်း သိရပါသည်။ အခြေခံအဆောက်အအုံပံ့ပိုးသည့်မူဝါဒများနှင့် ကားထုတ်လုပ်သူများ အတွက် မက်လုံးများနှင့်အတူ ဗီယက်နမ်ကားဈေးကွက်သည် ပိုမိုတည်ငြိမ်သောအနာဂတ် ကိုရည်ရွယ်သည့် အသွင်းကူးပြောင်းမှု၏ အရေးပါသောအဆင့်သို့ ဝင်ရောက်နေကြောင်း သိရပါသည်။ အစိမ်းရောင်မော်တော်ယာဉ်များမြင့်တက်လာမှုသည် လျှပ်စစ်မော်တော်ယာဉ် များအတွက် အခွန်မက်လုံးများ၊ အားသွင်းရုံကွန်ယက်တိုးချဲ့လာမှုနှင့် ကားထုတ်လုပ်သူများ က မော်ဒယ်သစ်များအား ပိုမိုယှဉ်ပြိုင်နိုင်စွမ်းရှိသောဈေးနှုန်းများဖြင့် မိတ်ဆက်လာမှုတို့၏ မောင်းနှင်အားကြောင့်ဖြစ်ကြောင်း သိရပါသည်။ ဗီယက်နမ်သည် ၂၆ ကြိမ်မြောက် ကုလသမဂ္ဂရာသီဥတုပြောင်းလဲမှုကွန်းဖရန့်တွင် လျှပ်စစ်မော်တော်ယာဉ်သုံးစွဲမှုကို တွန်းအား ပေးသည့် မူဝါဒများဖြင့် ၂၀၅၀ ခုနှစ်တွင် ကာဗွန်ထုတ်လွှင့်မှု သုညထိလျှော့ချရေး နှင့် နိုင်ငံတစ်ဝှမ်းအားသွင်းရုံအခြေခံအဆောက်အအုံများတွင် သိသာထင်ရှားသောရင်းနှီးမြှုပ်နှံမှု ပြုလုပ်ရေးအတွက် ကတိကဝတ်ပြုခဲ့ကြောင်း သိရပါသည်။ ထိုနှင့်အတူ သဘာဝပတ်ဝန်း ကျင်အတွက်နားလည်သဘောပေါက်မှုကြီးထွားလာခြင်းနှင့် လျှပ်စစ်မော်တော်ယာဉ်များ၏ မောင်းနှင်သုံးစွဲရာတွင်ကုန်ကျစရိတ်နည်းပါးမှုတို့က စားသုံးသူတို့အား ဆက်လက်ဆွဲဆောင် နိုင်လိမ့်မည်ဟု သိရပါသည်။
DOCA(ရန်ကုန်)