ကင်ညာနိုင်ငံသည် ပို့ကုန်စျေးကွက်ချဲ့ထွင်ရန်အတွက် အာရှတလွှားရှိကော်ဖီ ဝယ်ယူသူများအား မျက်စိကျလျှက်ရှိ

Powered by Drupal

          ကင်ညာနိုင်ငံသည် ၎င်း၏ ဥရောပနှင့် မြောက်အမေရိကရှိ ကော်ဖီတင်ရောင်းချမှု စျေးကွက် အား ကွဲပြားစေရန်နှင့် ပို့ကုန်စျေးကွက်ချဲ့ထွင်ရန်ကြိုးပမ်းမှုတစ်စိတ်တစ်ပိုင်း အနေဖြင့် ဖေဖော်ဝါရီ၊ ၂၀ ရက်နေ့ကကျင်းပသော   The Africa Coffee Trade Fair 2025  တွင် အာရှဝယ်လတ်ကိုယ်စား လှယ်အဖွဲ့အားလက်ခံတွေ့ဆုံခဲ့သည်။ တစ်ရက်တာကျင်းပသော အဆိုပါပွဲတွင် ကင်ညာနိုင်ငံမှ ထုတ်လုပ်သူများနှင့် ဆွေးနွေးညှိနှိုင်းမှုများပြုလုပ်ရန်တရုတ်နှင့် တောင်ကိုရီးယားမှ ကော်ဖီတင်သွင်း သူ ၅၀ ကျော်ကိုခေါ်ယူခဲ့သည်။ ကင်ညာအမျိုးသားစာရင်း အင်းဗျူရို၏ မကြာသေးမှီက စာရင်းဇယား များအရ ကင်ညာနိုင်ငံ၏ ကော်ဖီတင်ပို့မှုကဏ္ဍသည် နိုင်ငံ၏စီးပွားရေးအတွက် အရေးပါသောအခန်း ကဏ္ဍမှပါဝင်နေပြီး ၂၀၂၃ ခုနှစ်အတွင်း ကင်ညာနိုင်ငံသည် ကော်ဖီတန်ချိန် ၄၈၆၄၈ တန် ထုတ်လုပ်ခဲ့ ကာ တင်ပို့မှုမှအမေရိကန် ၂၅၁.၈၆ သန်းရရှိခဲ့ကြောင်းသိရသည်။ ကင်ညာနိုင်ငံသည် လက်ဖက် ပန်းမန်များနှင့်အတူ ကော်ဖီတင်ပို့မှုမှ နိုင်ငံခြားငွေ အဓိကရရှိနေခြင်းဖြစ်သည်။ အာရှစျေးကွက်များ သို့တိုးချဲ့ခြင်း သည် ကင်ညာကော်ဖီသမားများ၏ လက်ရှိကင်ညာကော်ဖီ ၇၀ ရာခိုင်နှုန်းကျော်ကို ဝယ်ယူနေ သည့် မြောက်အမေရိကနှင့်ဥရောပတို့အပေါ်၎င်းတို့၏ မှီခိုအားထားမှုကို လျှော့ချရန် ကူညီ ပေးလိမ့်မည်ဖြစ်ကြောင်း နိုင်ရိုဘီကော်ဖီအိတ်ချိန်း၏အမှုဆောင်အရာရှိချုပ် Lisper Ndungu က မှတ်ချက်ပြုခဲ့သည်။ အာရှတွင်လူလတ်တန်းစားများတိုးပွားလာမှုသည် လယ်သမား များ အား ၎င်းတို့ ၏ကော်ဖီထုတ်လုပ်မှုကိုတိုးမြင့်ရန်နှင့် ၁၉၈၉ ခုနှစ်က တန်ချိန် ၁၃၀၀၀၀ ဖြင့် ထုတ်လုပ်မှု အထွတ်အထိပ်သို့‌ ရောက်ရှိခဲ့သော ကဏ္ဍကိုပြန်လည်အသက်ဝင်လာအောင် တွန်းအား‌ပေးရန် အခွင့်အလမ်းတစ်ခုဖြစ်ကြောင်း Lisper Ndungu က ဆက်လက်ပြောကြား ခဲ့သည်။ African Fine Coffee Association ၏ ဒုတိယဥက္ကဌ  Karuga Macharia က ကင်ညာသည် e-commerce ပလပ်ဖောင်များနှင့်ဒေသတွင်းအထူးကော်ဖီပြပွဲများမှ တစ်ဆင့် တိုက်ရိုက်‌ရောင်းချမှုကို မြှင့်တင်ခြင်းဖြင့် ကင်ညာသည် အာရှစျေးကွက်ကို ပိုမိုထိုးဖောက် ဝင်ရောက်နိုင်ရန်အကြံပြုခဲ့သည်။

DOCA(ရန်ကုန်)