
ကျေးရွာတစ်ရွာ ထုတ်ကုန်တစ်မျိုးထွက်ရှိသောပဲခူးတိုင်းဒေသကြီး သာယာဝတီခရိုင် သုံးဆယ်မြို့ ဆရာစံမြို့သစ်ရပ်ကွက်မှ ထုတ်လုပ်သော တံမြက်စည်းလုပ်ငန်းရှင် ဦးဇော်မင်းဦးထံသို့ သာယာဝတီမြို့နယ် စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ်တာဝန်ခံ နှင့်ဝန်ထမ်းများ ကွင်းဆင်းပြီး တံ မြက်ကုန်ကြမ်းများကို တောင်ညိုရွာဘက်မှ မြက်ခြောက်ကို အတစ်ပိဿာလျှင် ၃၅၀၀/ကျပ် ဈေးနှုန်းဖြင့် ဝယ်ယူပြီး တံမြက်စည်း အချော(၅) ချောင်းထုတ်လုပ်ရရှိပါ သည်။ခန့်အလုံးလေး ပထမဦးစွာ မြက်ခြောက်များကို အရိုး အနားဖယ်ထုတ်ပြီး တစ်လက်မခန့်အလုံးလေး (၈) လုံး စာလုံးရပါတယ်။ လေးလုံးစီတစ်တွဲ တွဲပြီး၊ လေးလုံးတစ်တွဲကိုထပ်ပူးပြီး တံမြက်စည်း တစ်ချောင်း စာရအောင်ဖြန့်ကျက်လိုက်ပါတယ်။ အရိုးတံအကြား မနောရိုးခေါ် ဝါးတုတ် အသေးတစ်ချောင်း စ်စွပ်ကိုစွပ်ပါတယ်၊ပြီးလျှင်မြက်အသားများ ကျွတ်မထွက်စေခြင်းငှာ ချုပ်သားသုံးကြောင်းဖြင့် နိုင်လွကိုခိုင်ခံအောင် ထိုးစိုက်ပြီး ဆယ်ပင်ကြိုးဖြင့် လိုက်လံပတ်ချည်ရပါတယ်၊ပြီးလျှင် လက်ကိုင် အစွပ် ပလတ်စတန်ကြိုးကိုထပ်မံပြီး တံမြက်စည်းအုံကို ထပ်မံ ထိန်းချုပ်ရပါတယ်၊ ထို့နောက် တွင်တံမြက် စည်းသားများညီညာအောင်ကတ်ကြေးဖြင့် ညှိပြီးထုတ်ရပါတယ်၊ ပလတ်စတစ်အကြည် ဖြင့်ပတ်ရပါတယ်၊ ပလပ်စတစ်မှာတော့ တံဆိပ်ကိုတင်ပို့ မည့်နိုင်ငံအလိုက် ကွဲပြားစွာ တံဆိပ် ကပ်နှိပ်ပေးသည်ဟု ပိုင်ရှင်ဦးဇော်မင်းဦးမှပြောကြားပါသည်။
ထုတ်ပိုးရောင်းချမှုအနေဖြင့် တံမြက်စည်းများကို ဆယ်ချောင်းတစ် တွဲစီထပ်တွဲ၍ ပီနှံအိပ်ကြီး ထဲသို့ ဆယ်ချောင်းတွဲ ဆယ်ကဒ်ထုတ်ပိုးချိတ်ပိတ်ကာရန်ကုန်မှာ ဆက်သွယ်ယူသည့် လုပ်ငန်း ကုမ္ပဏီများမှ အိန္ဒိယနိုင်ငံနှင့် ကိုရီးယားနိုင်ငံများသို့တင်ပို့ရောင်းချပေးပါကြောင်း သိရှိရပါသည်။ ယခုတွင် တံမြက်စည်း တစ်ချောင်းလျှင် ၁၃၀၀/ကျပ်/၁၄၀၀/ကျပ် ဖြင့်စာချုပ်ချုပ်ဆိုရောင်း ချပေး ရကြောင်းသိရှိရပါသည်။
ဆက်သွယ်ဝယ်ယူလိုပါက ဦးဇော်မင်းဦး ၊ဖုန်းနံပါတ် ၀၉၄၂၁၁၄၅၈၈၆ သို့ ဆက်သွယ်ဝယ် ယူနိုင်ပါကြောင်း၊ သုံးဆယ်မြို့၊ ဆရာစံမြို့သစ်၊ အိမ်အမှတ် (၁၃၃) သို့ လည်းသွားရောက်၍ ဝယ်ယူ နိုင်ကြောင်းနှင့်သာယာဝတီမြို့နယ် ၊သုံးဆယ်မြို့မှဒေသထွက်ကုန် မြက်တံမြက်စည်း ၏နိုင်ငံခြား တင်ပို့ရောင်းချနေမှု အကြောင်းဂုဏ်ယူစွာဖြင့် ရေးသားတင်ပြလိုက်ရပါသည်။
DOCA(ပဲခူး)