
စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီဝန်ကြီး ဌာနသည် အရေးကြီးကုန်စည်နှင့် ဝန်ဆောင်မှု ဥပဒေအရ အွန်လိုင်းစနစ်ဖြင့် ရောင်းချခြင်း လုပ်ငန်းများကို အရေးကြီး ဝန်ဆောင်မှုလုပ်ငန်းအဖြစ် သတ်မှတ်ထားပြီးဖြစ်သည့်အတွက် အွန်လိုင်းစနစ်ဖြင့် ရောင်းချမည့် မည်သူမဆို မှတ်ပုံတင်လက်မှတ် မှတ်ပုံတင်စနစ်အား သတ်မှတ်သော လျှောက်လွှာပုံစံတွင် ဖြည့်သွင်း၍ အွန်လိုင်း(Online)စနစ်ဖြင့် မှတ်ပုံတင်လက်မှတ်လျှောက်ထားနိုင်ရန်နှင့် အွန်လိုင်းမှ တဆင့် ဝယ်ယူခြင်းနှင့်စပ်လျဉ်း၍ Talk Show အသိပညာပေး ဆွေးနွေးခြင်းကို နတ်တလင်းမြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတွင် စားသုံးသူရေးရာဦးစီးဌာန မြို့နယ်တာဝန်ခံမှ နိုဝင်ဘာတတိယပတ်တွင် ဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။
အဆိုပါ အွန်လိုင်းစနစ်ဖြင့် ရောင်းချခြင်း (Online Sales)လုပ်ငန်းများ မှတ်ပုံတင်လက်မှတ် လျှောက်ထားခြင်းနှင့် အွန်လိုင်းစနစ်ဖြင့် ရောင်းချခြင်းလုပ်ငန်းအကြောင်းနှင့် ပတ်သတ်၍ သိကောင်းစရာများ အွန်လိုင်းမှတစ်ဆင့် ဈေးဝယ်ယူခြင်းနှင့်စပ်လျဉ်း၍ စားသုံးသူ အခွင့်အရေးနှင့် တာဝန်များ အွန်လိုင်းမှ ဈေးဝယ်ယူခြင်း အားသာချက်၊ အားနည်းချက် လိမ်လည်မှုပုံစံများအကြောင်း အွန်လိုင်းရောင်းချမှု လုပ်ငန်းများနှင့်စပ်လျဉ်း၍ စိစစ်သင့်သည့် အချက်အလက်များ၊ ကုန်စည်(သို့) ဝန်ဆောင်မှုနှင့်စပ်လျဉ်း၍ စားသုံးသူများ စိစစ်သင့်သည့် အချက်အလက်များ၊ အွန်လိုင်းစနစ်ဖြင့် ရောင်းချခြင်း လုပ်ငန်းများနှင့် စပ်လျဉ်း၍ သက်ဆိုင်ရာဌာနများ၏ ဆောင်ရွက်မှုအကြောင်း မှတ်ပုံတင်ထားသည့် အွန်လိုင်းရောင်းချမှု လုပ်ငန်းများမှ ဈေးဝယ်ယူခြင်းဖြင့် ရရှိလာမည့် အကျိုးရလဒ်များ အကြောင်းတိုင်ကြားနိုင်သည့် နေရာများ တိုင်ကြားမှုဖြေရှင်းသည့် နည်းလမ်းများအကြောင်းကို စားသုံးသူပြည်သူများ သိရှိနိုင် စေရန် Talk Show အသိပညာပေး ဆွေးနွေးခြင်း ဆောင်ရွက်ခဲ့ကြောင်း သိရှိရသည်။
DOCA(ပဲခူး)