အင်ဒိုနီးရှားသည် အစိုးရ-ပုဂ္ဂလိက ပူးပေါင်းဆောင်ရွက်မှုဖြင့် တန်ဖိုးနည်း အိမ်ရာ ၃ သန်းအား ဆောက်လုပ်မည်

Powered by Drupal

အင်ဒိုနီးရှားအစိုးရသည် ဝင်ငွေနည်းပြည်သူများအတွက် အိမ်ခြေ ၃ သန်း ဆောက်လုပ်ရန် စီစဉ်နေပြီး စီမံကိန်းအတွက် ပုဂ္ဂလိကကဏ္ဍနှင့် မိတ်ဖက်များ ဖွင့်လှစ်‌ဆောင်ရွက်ရန် ဂျကာတာ၌ ဖေဖော်ဝါရီ ၂၀ ရက်‌နေ့က စီစဉ်ခဲ့သည်။ နိုင်ငံ၏ဘဏ္ဍာရေးဝန်ကြီး Sri Mulyani Indrawati ကဆောက်လုပ်ရေးလုပ်ငန်းအတွက် အဓိကအားဖြင့် ဘဏ္ဍာရေးထောက်ပံ့ရန် နိုင်ငံတော်လုံခြုံရေးကို ထုတ်ပေးမည်ဖြစ်ကြောင်း ကြာသပတေးနေ့ တွင် ပြောကြားခဲ့သည်။ တန်ဖိုးနည်းအိမ်ရာများအား ဆောက်လုပ်ခြင်းအားဖြင့် အောက်ခြေ လူတန်းစားများအတွက် ပံ့ပိုးကူညီပေးရာရောက်ပြီး ထိုအစီ အစဉ်သည် ပြည်သူများ၏အိမ်ဝယ်ယူနိုင်မှုနှုန်းကိုလည်း မြှင့်တင်ပေးနိုင်ရန် မျှော်မှန်းထားကြောင်း Indrawati က သတင်းစာရှင်းလင်းပွဲတစ်ခုတွင် ပြောကြားခဲ့သည်။ အိမ်ရာများ ဆောက်လုပ်ရန် အတွက် အစိုးရ၏ ဘတ်ဂျက်ကိုသာ မှီခိုနေမည့်အစား ပါတီအသီးသီးနှင့် ပူးပေါင်းဆောင်ရွက်ရန် လိုအပ်ကြောင်း၊ အစိုးရ၏ အစီအစဉ်တရပ်အနေဖြင့် အိမ်ခြေ ၃ သန်း ဖွံ့ဖြိုးတိုးတက်ရေး ပန်းတိုင်ကို အရောက်လှမ်းနိုင်ရန် ပူးပေါင်းဆောင်ရွက်ဖို့ လိုအပ်ကြောင်း အိုးအိမ်နှင့်မြို့ခံဝန်ကြီး Maruarar Sirait က ပြည်တွင်း မီဒီယာများကို ကိုးကား၍ ပြောကြားခဲ့သည်။

DOCA(ရန်ကုန်)