
ကမ္ဘောဒီးယားနိုင်ငံသည် တရုတ်နိုင်ငံသို့ ၎င်းတို့၏ လယ်ယာထွက်ကုန်တင်ပို့မှုကို မြှင့်တင်ရန် စိတ်အားထက်သန်နေပြီး တရုတ်နိုင်ငံသည် ကမ္ဘောဒီးယားနိုင်ငံ၏ လယ်ယာထွက် ကုန်များ တိုးပွားလာရေးအတွက် အဓိကဦးတည်ရာတစ်ခုဖြစ်ကြောင်း တရုတ်နိုင်ငံ၊ Guangzhou ပြည်နယ်တွင် ကျင်းပပြုလုပ်ခဲ့သော China Association for Promoting UN Procurement (CAPUNP) ဖွင့်ပွဲအခမ်းအနားတွင် ကမ္ဘောဒီးယား ကူးသန်းရောင်းဝယ်ရေး သံမှူး Lao Nguon Eng ကပြောကြားခဲ့သည်။ (CAPUNP) သည် အာရှနှင့်အာဆီယံနိုင်ငံများမှ တရုတ်လယ်ယာထွက်ကုန်တင်သွင်းသူများအတွက် ပလပ်ဖောင်းတစ်ခုဖြစ်ပြီး အဆိုပါ တင်သွင်း သူများသည်ကမ္ဘာတစ်ဝှမ်းမှ တရုတ်နိုင်ငံသို့ တင်သွင်းသည့်လယ်ယာထွက် ကုန်များပြုပြင်းရေး တွင် အများစုပါဝင်နေသည်။ Lao Nguon Eng က ကမ္ဘောဒီးယားနိုင်ငံ၏ လယ်ယာထွက်ကုန် ပို့ကုန်တွင် ဆန်၊ သီဟိုဠ်စေ့၊ ငရုတ်ကောင်း၊ သရက်သီး၊ ပီလောပီနံနှင့် အခြားထွက်ကုန် အများ အပြားပါဝင်သည်။ ကမ္ဘောဒီးယားနိုင်ငံသည် ၂၀၂၄ ခုနှစ်တွင် နိုင်ငံတကာဈေးကွက်သို့ လယ်ယာထွက်ကုန် တန်ချိန် ၁၁.၆ သန်းတင်ပို့ခဲ့ပြီး တစ်နှစ်ထက်တစ်နှစ် ၃.၂ ရာခိုင်နှုန်း တိုးတက်ခဲ့ကြောင်း စိုက်ပျိုးရေး၊ သစ်တောနှင့် ရေလုပ်ငန်းဝန်ကြီးဌာန (MAFF) မှ ထုတ်ပြန် ချက်အရ သိရသည်။ ကမ္ဘောဒီးယားနိုင်ငံသည် ၂၀၂၄ ခုနှစ်အတွင်း ဗီယက်နမ်၊ ထိုင်း၊ တရုတ်၊ တောင်ကိုရီးယားနှင့် ဥရောပနိုင်ငံများသို့ ကုန်စည်တင်ပို့မှုမှ စုစုပေါင်းဝင်ငွေ ကန်ဒေါ်လာ ၄.၇၉ ဘီလီယံ ရရှိခဲ့ပြီး တစ်နှစ်ထက်တစ်နှစ် ၃ ရာခိုင်နှုန်း မြင့်တက်လာခဲ့သည်။
DOCA(ရန်ကုန်)