ကံ့ကော်ပန်းဈေးကွက်

Powered by Drupal

ဆယ့်နှစ်လရာသီများတွင် မြန်မာသက္ကရာဇ် နှစ်တစ်နှစ်၏ နောက်ဆုံးလဖြစ်သော တပေါင်း လတွင် သဲပုံစေတီပွဲသာမက မြန်မာနိုင်ငံအနှံ့အပြားရှိ ဘုရားစေတီ၊ ပုထိုးများ၌ ဗုဒ္ဓပူဇနိယ ပွဲတော်များနှင့်အတူ ဆွမ်းကြီးလောင်းပွဲ၊ ပဌာန်းပွဲတို့ကိုပါ ကျင်းပလျှက်ရှိရာ တပေါင်းလသည် မြန်မာတို့အတွက် ဒါနသီလကိုပေးသော မွန်မြတ်သောလဖြစ်ပါသည်။ ကံ့ကော် ပန်း၏ ရနံ့သည် အမူးအမော်ကိုပြေစေပါသည်။ ကံ့ကော်ပန်းသည် သရဖီပန်း၊ ပုန်းညက်ပန်းများနှင့် ဆင်တူ၍ ရနံ့မွှေးကြိုင်ပါသည်။ တပေါင်း၏ ရာသီပန်းဖြစ်သည့် သရဖီပန်းများနှင့်အတူ ကံ့ကော်ပန်းလည်း ပင်လုံးကျွတ် ဖူးပွင့်နေကြပါသည်။ အရိပ်လည်းရ ပန်းလည်းလှသည့် အပင်မျိုး ဖြစ်ပါသည်။ ကံ့ကော်ပန်းကို ကျေးရွာလူနေအိမ်များ၊ ခြံဝင်းများနှင့် ဘုရားကျောင်းကန်များတွင် စိုက်ပျိုးကြ သည်။ ကံ့ကော်ပန်းကို ပန်းကုံးကလေးများသီကုံး၍သော်လည်းကောင်း၊ ကိုင်းလိုက်ချိုး၍သော် လည်းကောင်း ဈေးကွက်သို့ တင်ပို့ရောင်းချကြောင်း သိရှိရသည်။ တပေါင်းလ၏ ပထမလဝက် သည် ဆောင်းရာသီတွင် ကျရောက်ပြီး ဒုတိယလဝက်မှာ နွေရာသီတွင် ကျရောက်ပါသည်။ ဆောင်းအကူးနွေအစ သာယာလှသောလရာသီဖြစ်ပါသည်။ ကံ့ကော်ပန်းတစ်ကုံးလျှင် (၃၀၀/၅၀၀) ကျပ်ဖြင့်လည်းကောင်း၊ ကံ့ကော်ပန်းစည်းအပွင့်မပါတစ်စည်းလျှင်(၅၀၀)ကျပ်၊ ကံ့ကော်ပန်းစည်း အပွင့်ပါတစ်စည်းလျှင်(၁၀၀၀)ကျပ်ဖြင့်  ရောင်းချကြကြောင်း သိရှိရသည်။ ကံ့ကော်ပန်းများကို ကံပွင့်၊ လာဘ်ပွင့်စေရန်အတွက် ဘုရားလှူရန်၊ ယတြာချေရန် အတွက် ဝယ်ယူမှုများကြောင်းလည်း သိရှိရသည်။ ကံ့ကော်ဝတ်ဆံများကို တိုင်းရင်းဆေးဝါး ထုတ်လုပ်ရာတွင်လည်းကောင်း၊ သနပ်ခါး များထဲသို့ ကံ့ကော်ဝတ်ဆံများထည့်၍သော်လည်းကောင်း ထုတ်လုပ်ရောင်းချကြကြောင်း သိရှိ ရသည်။  

DOCA(မန္တလေး)