Emirates သည် Dubai- Siem Reap လမ်းကြောင်းအသစ်ကို ၂၀၂၅ ခုနှစ်၊ ဇွန်လတွင်စတင်မည်

Powered by Drupal

          Emirates သည် Dubai၊ UAE နှင့် ကမ္ဘောဒီးယားနိုင်ငံ  Siem Reap ပြည်နယ်တို့အကြား ပျံသန်းမှု လမ်းကြောင်းအသစ်ကို မိတ်ဆက်မည်ဖြစ်ကြောင်း ၃-၃-၂၀၂၅ ရက်နေ့က ကြေညာခဲ့သည်။ ထိုအစီအစဉ် သည် နှစ်နိုင်ငံအကြား ခရီးသွားလာရေးနှင့် ကုန်သွယ်မှုမြှင့်တင်ရန် ရည်ရွယ်ထားသည်။ ၃-၆-၂၀၂၅ ရက်နေ့မှ စတင်၍ Emirates သည် အပတ်စဉ် အင်္ဂါ၊ ကြာသာပတေးနှင့် စနေနေ့များတွင် ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့တွင် ရပ်နားပြီး Dubai မှ Siem Reap ပြည်နယ်သို့ အပတ်စဉ်ပျံသန်းမှု (၃) ကြိမ်ဖြင့် စတင်မည်ဖြစ်သည်။ လက်ရှိတွင် Emirates သည် စင်္ကာပူမှတဆင့် Dubai-ကမ္ဘောဒီးယားနိုင်ငံ၊ ဖနွမ်းပင်မြို့သို့ နေ့စဉ်အသွားအပြန်လေးကြောင်း ခရီးစဉ်များကို လည်းကမ်းလှမ်းထားသည်။ ၂၀၂၄ ခုနှစ်တွင် ကမ္ဘောဒီးယားနိုင်ငံတကာလေဆိပ် (၃) ခုသည် စုစုပေါင်းလေကြောင်းခရီးသည် ၅.၆၅ သန်း ကို ဝန်ဆောင်မှုပေးခဲ့ပြီး ၂၀၂၃ ခုနှစ်က ၄.၀၄ သန်းထက် ၃၈.၉ ရာခို်ငနှုန်းတိုးလာခဲ့ကြောင်း နိုင်ငံပိုင် လေကြောင်းရုံးမှ ထုတ်ပြန်ထားသည်။ ပြည်တွင်းလေကြောင်းလိုင်း ၃၀ ကျော်သည် အရှေ့တောင်အာရှ နိုင်ငံများအသင်း (ASEAN)၊ တရုတ်၊ တောင်ကိုရီးယား၊ အိန္ဒိယ၊ ကာတာနှင့် အာရပ်စော်ဘွားများ ပြည်ထောင်စု(UAE) အပါအဝင် နိုင်ငံတကာနှင့် ကမ္ဘောဒီးယားနိုင်ငံသို့ ချိတ်ဆက်ဝန်ဆောင်မှုများ ဆောင်ရွက်နေကြသည်။

DOCA(ရန်ကုန်)