မှော်ဘီမြို့နယ်ရှိ မြတ်ရတနာရွှေထည်ဆိုင် အွန်လိုင်းလုပ်ငန်းအား မြေပြင်ကွင်းဆင်းစစ်ဆေးခြင်း

Powered by Drupal

၂၆.၂.၂၀၂၅ ရက်နေ့ နေ့လည်(၁၃:၀၀)အချိန်တွင် အပိုင်း(၂)၊ မြောင်းတကာကျေးရွာ၊ မှော်ဘီ မြို့နယ်ရှိ မြတ်ရတနာ ရတနာရွှေထည်ဆိုင်အွန်လိုင်းဖြင့် ရောင်းချနေသော အွန်လိုင်းလုပ်ငန်းအား စားသုံးသူရေးရာဦးစီးဌာန၊ မှော်ဘီမြို့နယ်ခွဲရုံးမှ ဝန်ထမ်း(၂)ဦးတို့သည် မှတ်ပုံတင်လျှောက်ထားရာ တွင် ဖော်ပြထားသော အချက်များနှင့်မြေပြင်အချက်အလက်များ ကိုက်ညီမှုရှိ/မရှိ ကွင်းဆင်းစစ်ဆေး ခြင်းဆောင်ရွက်ခဲ့ပါသည်။

ထိုသို့စစ်ဆေးရာတွင် မှတ်ပုံတင်ထားရှိသည့်အချက်အလက်များအား မြေပြင်စစ်ဆေးရာတွင် ကိုက်ညီမှုရှိ/မရှိနှင့် အခြားလိုအပ်သည့်အချက်အလက်များ ပြည့်စုံမှန်ကန်မှုရှိ/မရှိအား DOCA Application အသုံးပြု၍ စစ်ဆေးခြင်းနှင့် စားသုံးသူကာကွယ်ရေးဥပဒေပါ စီးပွားရေးလုပ်ငန်းရှင်များ လိုက်နာရမည့်တာဝန်များအကြောင်း အသိပညာပေးဆွေးနွေးခဲ့ကြောင်း သိရှိရပါသည်။

DOCA(ရန်ကုန်)