လှိုင်သာယာမြို့နယ်ရှိ အိမ်ခြံမြေ ရင်းနှီးမြှုပ်နှံမှု အွန်လိုင်းအား မြေပြင်ကွင်းဆင်းစစ်ဆေး

Powered by Drupal

၂၆.၂.၂၀၂၅ ရက် နေ့ နေ့လည်(၁၂:၂၀)အချိန်တွင် စားသုံးသူရေးရာဦးစီးဌာန၊ မြောက်ပိုင်းခရိုင် ဦးစီးမှူးရုံးမှ စစ်ဆေးရေးအရာရှိများသည် လှိုင်သာယာမြို့နယ်၊ FMI City ဝင်းအတွင်းရှိ အိမ်ခြံ မြေရင်းနှီးမြှုပ်နှံမှုအွန်လိုင်း လုပ်ငန်းအား မြေပြင်စစ်ဆေးခြင်းဆိုင်ရာ အချက်အလက်များ ကိုက်ညီမှု ရှိ/မရှိကို ကွင်းဆင်းစစ်ဆေးဆောင်ရွက်ခဲ့ပါသည်။

ထိုသို့ကွင်းဆင်းစစ်ဆေးရာတွင် အိမ်ခြံမြေရင်းနှီးမြှုပ်နှံမှု အွန်လိုင်းစနစ်ဖြင့် လုပ်ငန်းမှတ်ပုံ တင်ထားသည့်လုပ်ငန်းအား အွန်လိုင်းမှတ်ပုံတင်လျှောက်ထားစဉ်က ဖြည့်သွင်းထားသည့်အချက် အလက်များနှင့် မြေပြင်စစ်ဆေးခြင်းဆိုင်ရာ အချက်အလက်များ ကိုက်ညီမှုရှိ/မရှိနှင့် အခြားလိုအပ် သည့်အချက်အလက်များအား မြေပြင်ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရှိရပါသည်။

DOCA(ရန်ကုန်)