တိုက်ကြီးမြို့နယ်ရှိ စားအုန်းဆီရောင်းချနေသော ဆိုင်များအား ကွင်းဆင်းစစ်ဆေး

Powered by Drupal

          စားသုံးသူရေးရာဦးစီးဌာန၊ ရန်ကုန်တိုင်းဒေသကြီး၊ တိုက်ကြီးခရိုင်၊ တိုက်ကြီးမြို့နယ်ခွဲ တာဝန်ခံဒေါ်တင်တင်ဌေးသည် ၂၀၂၅ ခုနှစ်၊ မတ်လ ၃ ရက် နံနက်(၁၀:၀၀)အချိန်တွင် မြို့နယ် စည်ပင်သာယာရေးအဖွဲ့ဝန်ထမ်းများနှင့်ပူးပေါင်း၍ တိုက်ကြီးမြို့မဈေးအတွင်း စားအုန်းဆီ အရောင်း ဆိုင်များသို့ ဈေးကွက်ကွင်းဆင်းစစ်ဆေးခြင်းလုပ်ငန်းများ ဆောင်ရွက်ခဲ့ပါသည်။

ထိုသို့ ကွင်းဆင်းစစ်ဆေးခဲ့ရာတွင် ဆီထုတ်လက်ကားကိုယ်စားလှယ်များမှ တစ်ဆင့် တိုက်ကြီးမြို့နယ်အတွက် ခွဲတမ်းရရှိသော စားအုန်းဆီများအား ဆီကိုယ်စားလှယ်များမှတစ်ဆင့် လက်လီကုန်စုံဆိုင်များသို့လည်းကောင်း၊ လက်လီကုန်စုံဆိုင်များမှတဆင့် စားသုံးသူများထံသို့ ဖြန့်ဖြူးရောင်းချလျက်ရှိပြီး၊ ထိုသို့ရောင်းချရာတွင်လည်းအဆင့်အလိုက်(၂)% အမြတ်ထက်ကျော် လွန်၍ရောင်းချမှုမရှိကြောင်း၊ သတ်မှတ်ရည်ညွှန်းဈေးဖြင့်သာရောင်းချခြင်း၊ အခြားမသမာသော နည်းလမ်းများသုံး၍ ရောင်းချမှုမရှိခြင်းနှင့် ဈေးကစားရန်ရည်ရွယ်ပြီး သိုလှောင်ထားခြင်းများ မရှိ ကြောင်း ကွင်းဆင်းစစ်ဆေးချက်အရ သိရှိရပါသည်။

DOCA(ရန်ကုန်)