ယူကရိန်းသည် အမေရိကန်နှင့် သတ္တုတွင်းထွက် မိတ်ဖက်သဘောတူစာချုပ်ကို လက်မှတ်ရေးထိုး ရန် စီမံချက်များ ချမှတ်ထား

Powered by Drupal

ယူကရိန်းဝန်ကြီးချုပ် Denys Shmyhal က ၎င်း၏အစိုးရသည် အမေရိကန်နှင့်သတ္တုတွင်း ထွက်ဆိုင်ရာ မိတ်ဖက်သဘောတူစာချုပ်ကို လက်မှတ်ရေးထိုးရန်အတွက် လိုအပ်သည့် အစီအမံများ ကို ချမှတ်ခဲ့ကြောင်း ဖေဖော်ဝါရီ ၂၆ ရက် (ဆင်ဟွာ) သတင်းဌာနက ဖော်ပြချက်အရသိရသည်။

သဘောတူညီချက်အရ ယူကရိန်းနှင့် အမေရိကန်တို့သည် နှစ်နိုင်ငံအစိုးရမှ ပူးတွဲပိုင်ဆိုင်ပြီး ပူးတွဲ စီမံခန့်ခွဲမည့် ပူးတွဲရင်းနှီးမြှုပ်နှံမှုရန်ပုံငွေကိုထူထောင်ရန် စီစဉ်ထားသည်ဟု Shmyhal က ပြောကြားခဲ့သည်။

ယူကရိန်းဓာတ်သတ္တုအရင်းအမြစ်များသည် ယူကရိန်းပိုင်အဖြစ် ဆက်လက်တည်ရှိနေမည် ဖြစ်ပြီး အမေရိကန်၏ ပိုင်ဆိုင်မှုကို လွှဲပြောင်းပေးမည်မဟုတ်ကြောင်း ၎င်းက အလေးပေးပြောကြား ခဲ့သည်။

အဆိုပါ သဘောတူညီချက်အရ ယူကရိန်းသည် ၎င်း၏ သဘာဝအရင်းအမြစ်များမှ ရရှိသည့် ဘဏ္ဍာငွေ၏ ၅၀ ရာခိုင်နှုန်းကို ရန်ပုံငွေသို့ လှူဒါန်းမည်ဖြစ်ပြီး၊ ယူကရိန်း၏ ပြန်လည်ထူထောင်ရေး အတွက် အမေရိကန်ကရန်ပုံငွေ ထောက်ပံ့ပေးမည်ဖြစ်သည်။

DOCA(ရန်ကုန်)