ဆည်မြောင်းဝန်ကြီးဌာနနှင့် ARDB မှ ဆည်မြောင်းများ ဖွဲ့ဖြိုးတိုးတက်လာစေရန် နားလည်မှုစာချွန်လွှာ လက်မှတ်ရေးထိုး

Powered by Drupal

          ပုဂ္ဂလိကရင်းနှီးမြှုပ်နှံမှု ကုမ္ပဏီများထံမှ ချေးငွေများပေးအပ်ရာတွင်ပူးပေါင်း ဆောင်ရွက်မှု အားကောင်းစေရန်အတွက် စိုက်ပျိုးရေးနှင့်ကျေးလက်ဒေသဖွံ့ဖြိုးရေးဘဏ် (ARDB) နှင့် ရေအရင်းအမြစ်နှင့် မိုးလေဝသဝန်ကြီးဌာန (MWRM) တို့သည် ၃-၃-၂၀၂၅ ရက်နေ့ က နားလည်မှုစာချွန်လွှာ(MOU) တွင် လက်မှတ်ရေးထိုးခဲ့ကြသည်။ လက်မှတ်ရေးထိုးပွဲ အခမ်း အနားသို့ ရေအရင်းအမြစ်နှင့် မိုးလေဝသဝန်ကြီးဌာန(MWRM)၊ ဝန်ကြီး Thor Chetha နှင့် (ARDB) ၏ CEO ဖြစ်သူ Kao Thach တို့က တက်ရောက်ခဲ့သည်။ နားလည်မှုစာချွန်လွှာ (MOU) အရ စိုက်ပျိုးရေး၊ စက်မှုလုပ်ငန်းနှင့် ပြည်လည်ပြည်ဖြိုးမြဲစွမ်းအင်တန်ဖိုး ကွင်းဆက်များ တစ်လျောက်သက်ဆိုင်သူအားလုံးအား သင့်လျော်သောအတိုးနှုန်းဖြင့် ချေးငွေပေးအပ်သွားမည် ဖြစ်သည်။ လက်ရှိတွင် က‌မ္ဘောဒီးယားနိုင်ငံ၌ အကြီးစားရေလှောင်ကန် (၈) ခုအပါအဝင် အရွယ်အစားအမျိုးမျိုးသော ဆည်မြောင်းစနစ် ၂,၃၅၂ ခုရှိပြီး နိုင်ငံ၏ ဆည်မြောင်းကွန်ရက်ကို ဟက်တာ ၂ သန်းနီးပါးအထိတိုးချဲ့ထားကြောင်း Thor Chetha က အလေးပေး ပြောကြားခဲ့ သည်။ ဝန်ကြီးချုပ် Hun Manet ဦးဆောင်သော ကမ္ဘောဒီးယားတော်ဝင်အစိုးရ (RGC) လက်အောက်တွင် ကမ္ဘောဒီးယားနိုင်ငံသည် ရေလှောင်ကန်ငယ်များ၊ ဆည်မြောင်းစနစ်များ ပြန်လည်ထူထောင်ရေး၊ အခြေခံအဆောက်အအုံများ ခေတ်မီရေးနှင့် ပြည့်စုံသောဆည်မြောင်း ကွန်ရက်များ၊ ရေလွှမ်းမိုးမှု ကာကွယ်ရေးစနစ်များနှင့် ရေငံကာကွယ်ရေးဆည်များ ဖွံ့ဖြိုး တိုးတက်ရေးတို့ကို ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ထပ်မံပြောကြားခဲ့သည်။ ထို ကြိုးပမ်းအားထုတ်မှုသည် ရေဖူလုံမှုသေချာစေရန်၊ နေ့စဉ်စားသုံးမှုအတွက် တည်ငြိမ်သော ရေပေးဝေရေးနှင့် စိုက်ပျိုးရေးထုတ်ကုန်များကိုမြှင့်တင်ရန်နှင့် စားနပ်ရိက္ခာဖူလုံရေးနှင့် ဆန်စပါး စိုက်ပျိုးတင်ပို့မှုတို့ကို အထောက်အကူဖြစ်စေရန် ရည်ရွယ်ကြောင်း ပြောကြားခဲ့သည်။

DOCA(ရန်ကုန်)