၂၀၂၄ ခုနှစ်အတွင်း ဩစတြေးလျခရီးသွား ၃၉,၃၀၀ ဦး ကမ္ဘောဒီးယားနိုင်ငံသို့ လာရောက်လည်ပတ်ခဲ့

Powered by Drupal

          ကမ္ဘောဒီးယားနိုင်ငံသည် ဩစတြေးလျခရီးသွားများ နှစ်သက်သည့် ခရီးသွားနေရာများ ထဲမှ တစ်ခုဖြစ်ပြီး ၂၀၂၄ ခုနှစ်တွင် ကမ္ဘောဒီးယားနိုင်ငံသို့ ကာလတိုခရီးသည် ၃၉,၃၀၀ ဦး လာရောက်လည်ပတ်ခဲ့ကြောင်း Australian Bureau of Statistics (ABS) အရသိရသည်။ အင်ဒိုနီးရှားနိုင်ငံသည် ဩစတြေးလျနိုင်ငံသားများ နှစ်သက်ဆုံးသောနေရာတစ်ခုဖြစ်ဆက်လက် ရပ်တည်နေပြီး ဂျပန်၊ အမေရိကန်၊ ယူကေ၊ ထိုင်း၊ တရုတ်၊ အိန္ဒိယနှင့် ဗီယက်နမ်နိုင်ငံများသို့ ပြင်ပခရီးသွားများ သိသိသာသာတိုးတက်လာခဲ့သည်။ အင်ဒိုနီးရှားနိုင်ငံသည် ဩစတြေးလျ ခရီးသွား ၁.၆၈ သန်းဖြင့် ထိပ်ဆုံးနေရာတွင် ဆက်လက်ရပ်တည်နေပြီး တစ်နှစ်ထက်တစ်နှစ် ၂၂.၇ ရာခိုင်နှုန်း တိုးတက်လာခဲ့သည်။ ၂၀၂၄ ခုနှစ်အတွင်း ဂျပန်နိုင်ငံသို့ ဩစတြေးလျခရီးသည် ၇၉၈,၇၁၀ ဦး လာရောက်လည်ပတ်ခဲ့ပြီး ၅၆.၉ ရာခိုင်နှုန်းတိုးတက်လာခဲ့သည်။ ကမ္ဘောဒီးယား နိုင်ငံ၊ နိုင်ငံခြားရေးနှင့် ခရီးသွားလာရေးဝန်ကြီးဌာန(MoT) ၏ ပြောရေးဆိုခွင့်ရှိသူ Top Sopheak က ဩစတြေးလျနိုင်ငံသည် ကမ္ဘောဒီးယားနိုင်ငံအတွက် အရေးကြီးသော ခရီးသွား ဈေးကွက်တစ်ခုဖြစ်ကြောင်းနှင့် COVID-19 ကာလပြီးနောက် ကမ္ဘောဒီးယားနိုင်ငံသို့ ဩစတြေးလျ ခရီးသွားလာရောက်မှု သိသိသာသာတိုးတက်လာခဲ့ကြောင်း ပြောကြားခဲ့သည်။ ၂၀၂၄ ခုနှစ်၊ ပထမ (၉) လ အတွင်းဩစတြေးလျခရီးသွားဦးရေး ၇၀,၀၀၀ ကျော်လာရောက်ခဲ့ပြီး Siem Reap ပြည်နယ်သို့လာရောက်လည်ပတ်မှုသည် အများဆုံးဖြစ်ခဲ့သည်။ Australian Bureau of Statistics (ABS) ၏ ထုတ်ပြန်ချက်များအရ ၂၀၂၂ ခုနှစ်မှ ၂၀၂၄ ခုနှစ်အတွင်း ကမ္ဘောဒီးယားနိုင်ငံမှ ဩစတြေးလျနိုင်ငံသို့ ကာလတိုလာရောက်လည်ပတ်သူ ၁၉,၃၁၀ ဦးရှိခဲ့ ကြောင်းသိရသည်။

DOCA(ရန်ကုန်)