
ကမ္ဘောဒီးယားနိုင်ငံ၊ တော်ဝင်အစိုးရ (RGC) သည် လာမည့်ဆယ်စုနှစ်အတွက် နှစ်စဉ် စီးပွားရေးတိုးတက်မှုနှုန်းသည် ပျမ်းမျှ ၆.၅ ရာခိုင်နှုန်းအထိ တိုးတက်လာနိုင်ကြောင်း ၄-၃-၂၀၂၅ ရက်နေ့ကထုတ်ပြန်ခဲ့သည်။ စီးပွားရေးတိုးတက်ရေး အကောင်းအထည်ဖော်ရန် တိကျသောမူဝါဒများနှင့် လက်တွေ့ကျသောမူဝါဒများဖွဲ့စည်းခြင်းဖြင့်သာ ထိရောက်မှုရှိနိုင်မည် ဟု ဝန်ကြီးချုပ် Hun Manet က ဖနွမ်းပင်မြို့တွင်ကျင်းပပြုလုပ်ခဲ့သော ‘Cambodia Outlook Conference 2025’ ညီလာခံအတွင်း အလေးပေးပြောကြားခဲ့သည်။ ရေတိုနှင့် အလယ်အလတ် ကာလများတွင် စီးပွားရေးတိုးတက်နှုန်းသည် နှစ်စဉ်ပျမ်းမျှ ၆.၅ ရာခိုင်နှု်နးအထိ ဆက်လက် တိုးတက်နိုင်မည်ဟု ကမ္ဘောဒီးယားအစိုးရမှခန့်မှန်းထားကြောင်း ဝန်ကြီးချုပ် က ပြောကြားခဲ့ သည်။ သို့သော် ဤတိုးတက်မှုသည် သဘာဝအတိုင်းဖြစ်ပေါ်လာမည် မဟုတ် သော်လည်း အဓိကမူဝါဒများနှင့် ပြုပြင်ပြောင်းလဲရေးများကို အကောင်အထည်ဖော်ရန် သက်ဆိုင်ရာ ဝန်ကြီးဌာနများ၊ အဖွဲ့အစည်းများနှင့် ဖွံ့ဖြိုးတိုးတက်ရေးမိတ်ဖက်အဖွဲ့အစည်းများမှ စုပေါင်း ကြိုးပမ်းမှုများ လိုအပ်မည်ဖြစ်ကြောင်း ထပ်မံပြောကြားခဲ့သည်။ ညီလာခံသို့ စီးပွားရေးနှင့် ဘဏ္ဍာရေးဝန်ကြီး Aun Pornmoniroth၊ ကမ္ဘောဒီးယားနိုင်ငံ၊ ဖွံ့ဖြိုးတိုးတက်ရေးကောင်စီ (CDC) ၏ ဥက္ကဋ္ဌ Sun Chanthol နှင့် ကမ္ဘောဒီးယားနိုင်ငံ၊ အမျိုးသားဘဏ်၏ အုပ်ချုပ်ရေးမှူး Chea Serey တို့ တက်ရောက်ခဲ့ကြသည်။ လူမှုစီးပွားရေးပညာရှင် Chey Tech က လက်ရှိ ဖြစ်ပေါ်နေသော ကမ္ဘာလုံးဆိုင်ရာတင်းမာမှုများနှင့် စီးပွားရေးမသေချာမှုများကြောင့် တိုးတက်မှု၏ ၀.၂ ရာခိုင်နှုန်း ခန့်လျော့ကျနိုင်ကြောင်းပြောကြားခဲ့သည်။ သိုသော်လည်း အလတ်စားနှင့် တန်ဖိုးမြင့်စက်မှုလုပ်ငန်းများ၊ အထည်ချုပ်လုပ်ငန်းနှင့် ကုန်ထုတ်လုပ်မှု ကဏ္ဍများသည် နိုင်ငံတော်စီးပွားရေး၏ အဓိကမောင်းနှင်အားများဖြစ်ကြောင်းနှင့် အသေးစား၊ အငယ်စားနှင့်အလတ်စား စီးပွားရေးလုပ်ငန်းများ(MSMEs) နှင့်အတူ လူမှုစီးပွားဖွံ့ဖြိုး တိုးတက် ရေး၏ အဓိကဏ္ဍိုင်များဖြစ်သောကြောင့် ဆောက်လုပ်ရေး၊ အိမ်ခြံမြေ၊ ခရီးသွား လုပ်ငန်းနှင့် စိုက်ပျိုးရေးကဏ္ဍများ ဖွံ့ဖြိုးတိုးတက်ရေးတို့ကို အလေးထားဆောင်ရွက်သင့်ကြောင်း ဆက်လက် ပြောကြားခဲ့သည်။
DOCA(ရန်ကုန်)