ကမ္ဘောဒီးယားနှင့် ကျူးဘားသမ္မတနိုင်ငံတို့သည် ဆန်သုတေသနလုပ်ငန်းအတွက် နားလည်မှုစာချွန်လွှာ (MoU) လက်မှတ်ရေးထိုး

Powered by Drupal

          ကမ္ဘောဒီးယားတော်ဝင်အစိုးရ (RGC)နှင့် ကျူးဘားသမ္မတနိုင်ငံတို့သည် ကျူးဘားနိုင်ငံ တွင် ကမ္ဘောဒီးယားဆန်စပါးမျိုးများကို စမ်းသပ်စိုက်ပျိုးခြင်းဖြင့် စိုက်ပျိုးရေးပူးပေါင်း ဆောင်ရွက်မှုတိုးမြှင့်ရန်အတွက် နားလည်မှုစာချွန်လွှာ(MoU) ကို ၆-၃-၂၀၂၅ ရက်နေ့က လက်မှတ်ရေးထိုးခဲ့ကြသည်။ အဆိုပါသဘောတူညီချက်အား စိုက်ပျိုးရေး၊ သစ်တောနှင့် ရေလုပ်ငန်းဝန်ကြီးဌာန(MAFF)၊ အမြဲတမ်းအတွင်းဝန် Im Sithol နှင့် ကမ္ဘောဒီးယားနိုင်ငံဆိုင်ရာ ကျူးဘားသံအမတ်ကြီး Milena Caridad Zaldivar Piedra တို့က ဖနွမ်းပင်မြို့တွင် လက်မှတ် ရေးထိုးခဲ့ကြသည်။ MAFF ၏ထုတ်ပြန်ချက်အရ Cambodia Agricultural Research and Development Institute (CARDI)နှင့် ကျူးဘား စိုက်ပျိုးရေးဝန်ကြီးဌာန၏ Grain Research Institute (IIG) တို့အကြား စမ်းသပ်သုတေသနပြုလုပ်ခြင်းဖြင့် စိုက်ပျိုးရေးဆိုင်ရာပူးပေါင်း ဆောင်ရွက်မှုကို မြင့်တင်ရန်ရည်ရွယ်ထားသည်။ ကျူးဘားနိုင်ငံတွင် စိုက်ပျိုးရန်အတွက် ကမ္ဘောဒီးယားကာလတိုစပါးမျိုးကွဲများ၏ သင့်လျော်မှုကို အကဲဖြတ်ရန်၊ စားနပ်ရိက္ခာဖူလုံရေး မြှင့်တင်ရန်နှင့် နှစ်နိုင်ငံအကြား စိုက်ပျိုးရေးဆိုင်ရာဆက်ဆံမှု အားကောင်းလာစေရန် ကြိုးပမ်းမှုများကို ပံ့ပိုးပေးမည့် အစီအစဉ်ကို အဓိကထားလုပ်ဆောင်မည်ဖြစ်သည်။ အဆိုပါ အခမ်းအနားသို့ ကမ္ဘောဒီးယားနိုင်ငံ၊ စိုက်ပျိုးရေးသုတေသနနှင့် ဖွံ့ဖြိုးတိုးတက်ရေးဌာန၊ ညွှန်ကြားရေးမှူး Lor Bunna နှင့် စိုက်ပျိုးရေး၊ သစ်တောနှင့် ရေလုပ်ငန်းဝန်ကြီးဌာန (MAFF) အကြံပေး Iv Phirun တို့ တက်ရောက်ခဲ့ကြသည်။

DOCA(ရန်ကုန်)