တရုတ်ကုမ္ပဏီ ၅၀ ခန့်သည် ကမ္ဘောဒီးယားနိုင်ငံတွင် ရင်းနှီးမြှုပ်နှံမှုအခွင့်အလမ်းများ ရှာဖွေ

Powered by Drupal

          တရုတ်နိုင်ငံ၊ Henan ပြည်နယ်မှ ကုမ္ပဏီ ၅၀ ခန့်၏ ထိပ်တန်း ကိုယ်စားလှယ်များသည် ရင်းနှီးမြှုပ်နှံမှုအခွင့်အလမ်းများကိုရှာဖွေရန်အတွက် ကမ္ဘောဒီးယားနိုင်ငံသို့ရောက်ရှိနေပြီး နှစ်နိုင်ငံအကြား စီးပွားရေးဆက်ဆံမှုများ ပိုမိုနက်ရှိုင်းလာမှုကို ထင်ဟပ်စေခဲ့သည်။ Henan ပြည်နယ်၊ Guangzhou မြို့ ပြည့်သူ့အုပ်ချုပ်ရေးကောင်စီ၏ ဒုတိယအုပ်ချုပ်ရေးမှူး Li Fengzhi ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့သည် ကမ္ဘောဒီးယားနိုင်ငံ၊ ဖွံ့ဖြိုးတိုးတက်ရေးကောင်စီ (CDC) ၏ ဒုတိယဥက္ကဋ္ဌ Sun Chanthol နှင့် တွေ့ဆုံခဲ့သည်။ အဆိုပါတွေ့ဆုံပွဲသို့ ကမ္ဘောဒီးယားနိုင်ငံဆိုင်ရာ တရုတ်သံအမတ်ကြီး Wang Wenbin၊ သက်ဆိုင်ရာဝန်ကြီးဌာနမှ တာဝန်ရှိသူများ၊ သက်ဆိုင်ရာအဖွဲ့အစည်းများ၊ ကမ္ဘောဒီးယားနိုင်ငံ၊ Oknha အသင်းမှ အဖွဲ့ဝင်များနှင့် အခြားတာဝန်ရှိသူများ တက်ရောက်ခဲ့ကြသည်။ Sun Chanthol က ကမ္ဘောဒီးယားနိုင်ငံ၏ ရင်းနှီးမြှုပ်နှံမှုကဏ္ဍကို ခိုင်မာစေသော “iron-clad” ကမ္ဘောဒီးယာ-တရုတ် ချစ်ကြည်ရေးကို အလေးပေးသည့် ခရီးစဉ်အတွက် ကျေးဇူးတင်ရှိကြောင်း ပြောကြားခဲ့ သည်။ စက်ရုံများ၊ မော်တော်ကားလုပ်ငန်း၊ လျှပ်စစ်ပစ္စည်းလုပ်ငန်း၊ အခြေခံ အဆောက်အအုံ၊ စိုက်ပျိုးရေးလုပ်ငန်း၊ အစားအသောက်ထုတ်လုပ်ခြင်းလုပ်ငန်း၊ Green Energy ၊ ပညာရေး၊ ကျန်းမာရေးစောင့်ရှောက်မှု၊ ဒစ်ဂျစ်တယ်နည်းပညာ၊ အသေးစားနှင့်အလတ်စားစီးပွားရေး လုပ်ငန်များ (SMEs) အပါအဝင် အဓိကကဏ္ဍများတွင် ကမ္ဘောဒီးယားနိုင်ငံ၏ ရင်းနှီးမြှုပ်နှံမှု အလားအလာများကို ဆက်လက်ပြောကြားခဲ့သည်။ Wang Wenbin က ကမ္ဘောဒီးယား-တရုတ် ဆက်ဆံရေးသိသိသာသာတိုးတက်လာမှုကို ချီးကျူးခဲ့ပြီး ဒေသတွင်းအဓိကရင်းနှီးမြှုပ်နှံမှု နေရာတစ်ခုအဖြစ် ကမ္ဘောဒီးယား၏ ဆွဲဆောင်နိုင်မှုအား အလေးပေးပြောကြားခဲ့သည်။ ဖေဖော်ဝါရီလ အစောပိုင်းတွင်ထုတ်ပြန်ခဲ့သော CDC ၏အစီရင်ခံစာအရ ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလအတွင်း တရုတ်နိုင်ငံ ရင်းနှီးမြှုပ်နှံမှုသည် ကမ္ဘောဒီးယားနိုင်ငံ၏ စုစုပေါင်း ရင်းနှီမြှုပ်နှံမှု ပမာဏ၏ ၇၃.၃၅ ရာခိုင်နှုန်းခန့် ရှိခဲ့သည်။

DOCA(ရန်ကုန်)