Apple သည် M3 ချစ်ပ်ပါသော iPad Air အသစ်ကိုမိတ်ဆက်ခဲ့

Powered by Drupal

Apple သည် M3 ချစ်ပ်ထည့်သွင်းပြုလုပ်ထားသော ၁၁ လက်မနှင့် ၁၃ လက်မ အရွယ်နှစ် မျိုးရှိ‌သော iPad Air မော်ဒယ်သစ်များကို ဖေဖော်ဝါရီလ ၄ ရက်နေ့က မိတ်ဆက်ခဲ့သည်။ iPad Air အသစ် သည် Apple Intelligence ကို ပံ့ပိုးပေးပြီး M3 ချစ်ပ်အသုံးပြုထားသည့် iPad Air သည် M1 ချစ်ပ် အသုံးပြုထားသည့် iPad Air နှင့် နှိုင်းယှဉ်ပါက ၂ ဆနီးပါး ပိုမြန်ပြီး A14 Bionic ရှိသော iPad Air ထက် 3.5 ဆ ပိုမြန်သည်ဟု Apple မှ ပြောကြားခဲ့သည်။ ထို့အပြင် Apple မှ M3 ရှိ Neural Engine သည် M1 နှင့် နှိုင်းယှဉ်ပါက AI-based workloads အတွက် ၆၀ ရာခိုင်နှုန်းအထိ ပိုမြန်သည်ဟုဆို သည်။ ကုမ္ပဏီသည် iPad ကို သိုလှောင်မှု နှစ်ဆနှင့် A16 ချစ်ပ်ဖြင့် အဆင့်မြှင့်တင်ထားကြောင်း လည်း ကုမ္ပဏီက မှတ်ချက်ပြုခဲ့သည်။ A16 ပါသော iPad အသစ်သည် ယခင်မျိုးဆက်ထက် ၃၀ ရာခိုင်နှုန်းနီးပါး ပိုမြန်သည်။ ၁၁ လက်မ မော်ဒယ်အတွက် အမေရိကန် ဒေါ်လာ ၅၉၉ နှင့် ၁၃ လက်မ မော်ဒယ်အတွက် ၇၉၉ ဒေါ်လာ ၊ 128GB၊ 256GB၊ 512GB နှင့် 1TB အမျိုးအစားများ ပါဝင်သည်။ iPad Air အသစ်ကို အင်္ဂါနေ့မှစတင်၍ ကြိုတင်မှာယူနိုင်မည်ဖြစ်ပြီး မတ်လ 12 ရက်နေ့တွင် စတင်ရောင်းချမည်ဖြစ်ကြောင်း ကုမ္ပဏီက ပြောကြားခဲ့သည်။ 

DOCA(ရန်ကုန်)