ကမ္ဘောဒီးယားနိုင်ငံ၏ နိုင်ငံတကာကုန်သွယ်မှုသည် ၂၀၂၅ ခုနှစ်၊ ပထမ (၂) လအတွင်း ၁၆ ရာခိုင်နှုန်း တိုးတက်လာခဲ့

Powered by Drupal

         ကမ္ဘောဒီးယားနိုင်ငံ၏ နိုင်ငံတကာကုန်သွယ်မှုသည် ၂၀၂၅ ခုနှစ်၊ ပထမ (၂) လအတွင်း အမေရိကန်ဒေါ်လာ ၉.၄၄ ဘီလီယံမှ ၁၆.၃ ရာခိုင်နှုန်းအထိ တိုးတက်လာခဲ့ကြောင်း အကောက်ခွန်နှင့် အခွန်ကြီးကြပ်မှုဦးစီးဌာန(GDCE) မှ ၁၀-၃-၂၀၂၅ ရက်နေ့က ထုတ်ပြန်ခဲ့သည်။ ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလမှ ဖေဖော်ဝါရီလအထိ ကမ္ဘောဒီးယားနိုင်ငံသည် ပြည်ပသို့ ကုန်စည်တင်ပို့မှု အမေရိကန်ဒေါ်လာ ၄.၄၆ ဘီလီယံဖိုး တင်ပို့ခဲ့ပြီး တစ်နှစ်ထက်တစ်နှစ် ၁၂ ရာခိုင်နှုန်းတိုးတက်လာခဲ့သည်။ သွင်းကုန်တန်ဖိုးသည် အမေရိကန် ဒေါ်လာ ၄.၉၈ ဘီလီယံရှိခဲ့ပြီး ၂၀.၆ ရာခိုင်နှုန်းမြင့်တက်လာခဲ့ကြောင်း အစီရင်ခံစာတွင် ဖော်ပြထားသည်။ အမေရိကန်နိုင်ငံနှင့် ဗီယက်နမ်နိုင်ငံတို့သည် ကမ္ဘောဒီးယားနိုင်ငံ၏ ပို့ကုန်များအတွက် ဈေးကွက်နှစ်ခုဖြစ်ပြီး ပို့ကုန်ပမာဏ ကန်ဒေါ်လာ ၁,၆၂၆ သန်းနှင့် ကန်ဒေါ်လာ ၆၄၈ သန်းအသီသီရှိကြောင်း အစီရင်ခံစာတွင် ဖော်ပြထားသည်။ တရုတ်နိုင်ငံ၏ စုစုပေါင်းသွင်းကုန်ပမာဏသည် အမေရိကန်ဒေါ်လာ ၂,၄၄၄ သန်းဖြင့်ကမ္ဘောဒီးယားနိုင်ငံ၏ အကြီးဆုံး သွင်းကုန်နိုင်ငံအဖြစ်ရပ်တည်နေပြီး ၂၀၂၄ ခုနှစ်ထက် ၂၄ ရာခိုင်နှုန်းတိုးလာခဲ့သည်။ ကမ္ဘောဒီးယားနိုင်ငံ၊ ကုန်သည်ကြီးများအသင်း ဒုတိယ ဥက္ကဋ္ဌ Lim Heng က ကမ္ဘာ့စီးပွားရေး အခြေအနေသည် တိုးတက်လာနိုင်ပြီး ကမ္ဘောဒီးယားကုန်ပစ္စည်းများ အမှာစာများ တိုးမြင့်လာ ကာ အဓိကအင်းအားကြီး နိုင်ငံများအကြား ကုန်သွယ်ရေးစစ်ပွဲပြင်းထန် လာခြင်းသည် ကမ္ဘောဒီးယားနိုင်ငံကို ကောင်းကျိုးသက်ရောက်စေကြောင်း ပြောကြားခဲ့သည်။ နိုင်ငံတော်၏ အဓိကတင်ပို့သည့် ထုတ်ကု်နများမှာ အထည်ချုပ်၊ စက်ပစ္စည်းများ၊ လျှပ်စစ်ပစ္စည်းများ၊ ဖိနပ်များ၊ ဆန်စပါး၊ ရာဘာ၊ သစ်သီးဝလံများနှင့် ဟင်းသီးဟင်းရွက်များဖြစ်ကြောင်း (GDCE) မှ ထုတ်ပြန်ချက်အရသိရသည်။ ကမ္ဘောဒီးယားနိုင်ငံ၏ အဓိကသွင်းကုန်များတွင် ဆေးဝါးနှင့် ဖြည့်စွက်စာများ၊ လူသုံးကုန်များ၊ အစားအသောက်ကုန်နှင့် အဖျော်ယမကာများပါဝင်သည်။

DOCA(ရန်ကုန်)