
ကျူးဘားနိုင်ငံဆိုင်ရာ ဗီယက်နမ်သံအမတ် Le Quang Long သည် နှစ်နိုင်ငံအကြား ဆေးဝါးကဏ္ဍတွင် ပူးပေါင်းဆောင်ရွက်မှုအရှိန်မြှင့်တင်ရန်အတွက် ကျူးဘား၏ BioCubaFarma Group ကို မတ်လ ၇ ရက်နေ့က အလုပ်သဘောအလည်အပတ် သွားရောက်ခဲ့ကြောင်း သိရပါသည်။ ထိုလည်ပတ်မှုအတွင်း BioCubaFarma Group ၏ ဥက္ကဌ Mayda Mauri Perez က ၎င်းတို့၏အဓိကဆေးဝါးထုတ်ကုန်များကိုမိတ်ဆက်ပြသ ခဲ့ပြီး သုတေသန၊ ဖွံ့ဖြိုးတိုးတက်မှုနှင့် ဇီဝဆေးဝါးထုတ်ကုန်များထုတ်လုပ်မှုတို့တွင် ဗီယက်နမ်စီးပွားရေးလုပ်ငန်းများနှင့် ပူးပေါင်းဆောင်ရွက်မှုတိုးချဲ့ရန်မျှော်လင့်ကြောင်း ပြောကြားခဲ့ပါသည်။ Long ကအများပြည်သူကျန်းမာရေးတိုးတက်ရန်နှင့် ဗီယက်နမ်၏ ကျန်းမာရေးစောင့်ရှောက်မှုလိုအပ်ချက်ဖြည့်စည်းနိုင်ရန်အတွက် ဇီဝနည်းပညာနှင့် ဆေးဝါး များတွင် အပြန်အလှန်ပူးပေါင်းဆောင်ရွက်မှုအားကောင်းခြင်း၏ အရေးပါမှုကို အသားပေး ပြောကြားခဲ့ကြောင်း သိရပါသည်။ နှစ်ဖက်စလုံးသည် ကျူးဘားကကျွမ်းကျင်မှုအားကောင်း ပြီး ဗီယက်နမ်ကကြီးထွားရန်အလားအလာရှိသော ကျန်းမာရေးစောင့်ရှောက်မှုဧရိယာတွင် ပူးပေါင်းဆောင်ရွက်ရန်အတွက် အခွင့်အလမ်းများကိုဆွေးနွေးခဲ့ကြကြောင်း သိရပါသည်။ ၂၀၁၂ ခုနှစ်တွင်စတင်တည်ထောင်သည့် BioCubaFarma သည် ကျူးဘား၏ အမျိုးသား ဇီဝနည်းပညာနှင့် ဆေးဝါးလုပ်ငန်းဖြစ်ပြီး နိုင်ငံ၏သုတေသနဆောင်ရွက်မှု၏ ၅၀ ရာခိုင်နှုန်း အတွက် တာဝန်ရှိကြောင်း သိရပါသည်။ ထိုလုပ်ငန်းသည် နည်းပညာမြင့်ထုတ်ကုန်များ ရောင်းချခြင်း၊ ထုတ်လုပ်ခြင်းနှင့် ဖွံ့ဖြိုးတိုးတက်ရေးတို့အတွက် အထူးကျွမ်းကျင်ကြောင်း သိရပါသည်။
DOCA(ရန်ကုန်)