
ဘရူနိုင်းနိုင်ငံ၏ လူဝင်မှုကြီးကြပ်ရေးဌာနသည် မတ်လ ၈ ရက်မှ စတင်ကာ သာမန်နိုင်ငံ ကူးလက်မှတ်ကိုင်ဆောင်ထားသော တရုတ်နိုင်ငံသားများ ဘရူနိုင်းနိုင်ငံသို့ ဗီဇာကင်းလွတ်ခွင့်ဖြင့် ဝင်ရောက်ခွင့်ရမည်ဖြစ်ကြောင်း ကြာသပတေးနေ့တွင် ထုတ်ပြန်ခဲ့သည်။ အဆိုပါဌာန၏ အဆိုအရ အနည်းဆုံး သက်တမ်းခြောက်လရှိသော တရားဝင်နိုင်ငံကူးလက်မှတ် ကိုင်ဆောင်ထားသည့် နိုင်ငံ သားများသည် သတ်မှတ်ထားသော ဝင်ခွင့်အမှတ်မှတစ်ဆင့် ဝင်ရောက်နိုင်ပြီး ၁၄ ရက်ခန့် ဗီဇာမလို ဘဲ ဘရူနိုင်းနိုင်ငံတွင် နေထိုင်နိုင်မည်ဖြစ်သည်။
အပြန်အလှန်နားလည်မှုနှင့် ပြည်သူချင်းဆက်ဆံရေး ပိုမိုခိုင်မာစေမည့် တရုတ်ခရီးသွား ဧည့်သည်များ တိုးပွားလာမှုကို ကြိုဆိုရန် ဘရူနိုင်းနိုင်ငံမှ မျှော်လင့်ထားကြောင်း ၂၀၂၅ ခုနှစ် ဖေဖော်ဝါရီလတွင် ထုတ်ပြန်ခဲ့သော နှစ်နိုင်ငံပူးတွဲထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
ဘရူနိုင်းနိုင်ငံသည် ဘော်နီယိုကျွန်း၏ မြောက်ဘက်ပိုင်းတွင် တည်ရှိသော အရှေ့တောင်အာရှ နိုင်ငံတစ်ခုဖြစ်ပြီး သဘာဝအရင်းအမြစ်များပေါကြွယ်ဝပြီး လှပသော သဘာဝရှုခင်းများလည်းရှိသော နိုင်ငံတစ်နိုင်ငံဖြစ်သည်။
DOCA(ရန်ကုန်)