မအူပင်ပေါ်ရှိ ဓါတ်မြေဩဇာနှင့် စိုက်ပျိုးရေးဆေးဆိုင်များအား ကုန်အညွှန်းအမှတ်အသား ပြည်စုံမှု ရှိ/ မရှိ   ကွင်းဆင်းစစ်ဆေး

Powered by Drupal

       ဧရာဝတီတိုင်း‌ဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ မအူပင်မြို့နယ်တာဝန်ခံရုံးမှ ဦးမြင့်သူ(ဒု-ကြီးကြပ်ရေးမှူး)နှင့် ဝန်ထမ်းများသည် သက်ဆိုင်ရာမိတ်ဖက်အဖွဲ့အစည်းများဖြစ်သော အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ မီးသတ်တပ်ဖွဲ့၊ စိုက်ပျိုးရေးဦးစီးဌာနနှင့် စည်ပင်သာယာရေးအဖွဲ့တို့ ပူးပေါင်း၍ (၁၁.၆.၂၀၂၂) နေ့ နံနက် (၀၉;၃၀) နာရီမှ နေ့လည် (၁၂:၀၀) အထိ မအူပင်မြို့ပေါ်ရှိ ဓါတ်မြေဩဇာနှင့် စိုက်ပျိုးရေး ဆေးဆိုင်များသို့ ကွင်းဆင်း စစ်ဆေးခဲ့ကြပါသည်။

          အဆိုပါ ကွင်းဆင်းစစ်ဆေးဆောင်ရွက်မှုတွင် မအူပင်မြို့ပေါ်ရှိ ဓါတ်မြေဩဇာနှင့်စိုက်ပျိုးရေး ဆေးဆိုင်များတွင် ကုန်အညွှန်းအမှတ်အသားများပြည်စုံသော ဓါတ်မြေဩဇာနှင့်စိုက်ပျိုးရေးဆေးပစ္စည်းများကိုသာ ရောင်းချရန်၊ စားသုံးသူကာကွယ်ရေးဥပဒေအကြောင်းများကို ရှင်းလင်းဆွေးနွေးခြင်းနှင့် လုပ်ငန်းရှင်များ၏ လိုက်နာရမည့် ကျင့်ဝတ်များကို အပြန်အလှန်ဆွေးနွေးခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(ဧရာဝတီ)