နိုင်ငံတော်သည် ၂၀၂၅ ခုနှစ်၊ ပထမ ၂ လအတွင်း ဆန်တင်ပို့မှုမှ အမေရိကန်ဒေါ်လာ ၄၂၀ သန်း ရရှိ

Powered by Drupal

          ကမ္ဘောဒီးယားနိုင်ငံသည် ၂၀၂၅ ခုနှစ်၊ ပထမ (၂) လအတွင်း ဆန်နှင့်စပါးတင်ပို့မှုမှ အမေရိကန်ဒေါ်လာ ၄၂၀ သန်းခန့်ရရှိခဲ့ကြောင်း ကမ္ဘောဒီးယားနိုင်ငံ၊ ဆန်စပါးအသင်းချုပ်(CRF) မှ ၁၂-၃-၂၀၂၅ ရက်နေ့ကထုတ်ပြန်ထားခဲ့သည်။ နိုင်ငံတော်သည် ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလမှ ဖေဖော်ဝါရီလအထိ ဆန်စပါး ၁၃၅,၀၇၄ တန်တင်ပို့ခဲ့ပြီး ၂၀၂၄ ခုနှစ်၊ အလားတူကာလတွင် တန်ချိန် ၉၀,၁၅၃ တန်မှ ၄၉.၈ ရာခိုင်နှုန်းတိုးတက်လာခဲ့ကြောင်း အစီခံစာတွင်ဖော်ပြထား သည်။ ကုန်စည်တင်ပို့မှုတွင် ဆန်တင်ပို့သူ ၄၄ ဦးမှ ဒေသ ၅၁ ခုသို့တင်ပို့ခဲ့ပြီး ယင်းတို့အနက်မှ ဥရောပနိုင်ငံ ၂၅ နိုင်ငံသို့ ဆန်စုစုပေါင်း ၇၃,၀၄၈ တန်၊ တန်ဖိုးအမေရိကန်ဒေါ်လာ ၅၈.၅၃ သန်း ရရှိခဲ့သည်။ ဟောင်ကောင်၊ မကာအိုနှင့်တရုတ်နိုင်ငံသို့ တင်ပို့မှုပမာဏမှာ ဆန်တန်ချိန် ၁၆,၅၀၀ တန်၊ တန်ဖိုးအမေရိကန်ဒေါ်လာ ၁၀.၄၇ သန်းရှိပြီး အာဆီယံနိုင်ငံများသို့ တန်ချိန် ၂၃,၂၉၇ တန်၊ တန်ဖိုးအမေရိကန်ဒေါ်လာ ၁၆.၆၆ သန်း၊ အာဖရိကနိုင်ငံများ၊ အရှေ့အလယ်ပိုင်း နိုင်ငံများ၊ အမေရိကန်၊ ကနေဒါ၊ ဩစတြေးလျ၊ နယူးဇီလန်အပါအဝင် အခြားနိုင်ငံပေါင်း ၂၀ သို့ တင်ပို့မှုမှ အမေရိကန်ဒေါ်လာ ၂၂.၉၂ သန်းရရှိခဲ့သည်။ ပြည်ပနိုင်ငံများသို့ ဆန်တင်ပို့မှုတွင် ဆန်မွှေး ၈၆.၀၃ ရာခိုင်နှုန်း၊ ဆန်ဖြူ ၈.၆၅ ရာခိုင်နှုန်း၊ ပြုတ်ဆန် ၂.၉၉ ရာခိုင်နှုန်း၊ အော်ဂဲနစ် ဆန် ၁.၇၈ ရာခိုင်နှုန်းနှင့် အခြားမျိုးကွဲ ၀.၄၆ ရာခိုင်နှုန်းတို့တင်ပို့ခဲ့သည်။ ကမ္ဘောဒီးယားနိုင်ငံ၊ ဆန်စပါး အသင်းချုပ်(CRF) ဥက္ကဋ္ဌ Chan Sokheang က ဆန်တင်ပို့မှုတိုးတက်လာမှုသည် လက်ရှိ ဈေးကွက်နှင့် ဈေးကွက်အသစ်များတွင် အပြုသဘောဆောင်သည့်ရွှေ့လျားမှုကိုပြသနေကြောင်း ပြောကြားခဲ့သည်။

DOCA(ရန်ကုန်)