မှော်ဘီမြို့မဈေးအတွင်းရှိ ဈေးသူ/ဈေးသားများအား စားသုံးသူအသိပညာပေးဟောပြောခြင်း

Powered by Drupal

စားသုံးသူရေးရာဦးစီးဌာန၊ မြောက်ပိုင်းခရိုင်ဦးစီးမှူးရုံး ကွပ်ကဲမှုအောက်ရှိမှော်ဘီ မြို့နယ်ခွဲရုံးမှ ဝန်ထမ်းများသည် ၁၁.၃.၂၀၂၅ ရက်နေ့၊ နံနက်(၁၀:၃၀)အချိန်တွင် မှော်ဘီ မြို့မဈေးစည်ပင်သာယာရုံးခန်းမ၌ ဈေးသူ/ဈေးသားများအား စားသုံးသူအသိပညာပေး ဟောပြောပွဲ ပြုလုပ်ခဲ့ပါသည်။

ထိုသို့ ဟောပြောဆွေးနွေးရာတွင် ဒေါ်ဖြူဖြူမြင့်၊ ဒုကြီးကြပ်ရေးမှူးက စားသုံးသူ ကာကွယ်ရေး ဥပဒေ(၂၀၁၉)ပါ ပြဌာန်းချက်များမှ စားသုံးသူ၏အခွင့်အရေးနှင့်တာဝန်များ၊ စီးပွားရေးလုပ်ငန်းရှင်၏ တာဝန်များ၊ တားမြစ်ချက်များ၊ ပြစ်မှုပြစ်ဒဏ်များ စားသုံးသူ ကာကွယ်ရေးဥပဒေအခန်း(၁၈)ပါ ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းနှင့်စပ်လျဥ်း၍ ဟောပြောဆွေးနွေးခဲ့ပြီး စားသုံးသူများနစ်နာမှုရှိပါက တိုင်ကြားနိုင်သည့် နည်းလမ်းများ အကြောင်းနှင့် Call Center (1535)သို့ ခေါ်ဆို၍လည်း သိလိုသည်များ မေးမြန်းစုံစမ်း နိုင်ကြောင်း အသိပညာပေးဟောပြောခဲ့ပြီး ဟောပြောပွဲသို့ ဈေးသူ/ဈေးသား (၇)ဦး တက်ရောက် ခဲ့ ကြောင်း သိရှိရပါသည်။

DOCA(ရန်ကုန်)