
ခရမ်းမြို့နယ် ၊ မတ်လ (၁၃) ရက်
ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်ခရိုင်၊ ခရမ်းမြို့နယ်ရှိ စားအုန်းဆီ လက်လီ၊ လက်ကား အရောင်းဆိုင်သို့ မတ်လ(၄)ရက်နေ့၊ နေ့လည်(၁၀:၃၀)နာရီအချိန်တွင် စားသုံးသူရေးရာဦးစီး ဌာန၊ ရန်ကုန်တောင်ပိုင်းခရိုင်ဦးစီးမှူးရုံး၏ ညွှန်ကြားချက်အရ ခရမ်းမြို့နယ်အတွင်း စားအုန်းဆ ကိုယ်စား လှယ်များအနေဖြင့် စားသုံးသူပြည်သူများထံသို့ လက်လီ၊ လက်ကား ဖြန့်ဖြူးရောင်းချ နေမှု အခြေအနေအား ရှောင်တခင်ကွင်းဆင်း စိစစ်ကြပ်မတ်ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။
ထိုသို့ဈေးကွက်စောင့်ကြည့် ကွင်းဆင်းစစ်ဆေးခဲ့ရာတွင် ခရမ်းမြို့နယ် စားသုံးသူ ရေးရာဦးစီးဌာနမှ မြို့နယ်တာဝန်ခံ ဒေါ်ကျော့ကေခိုင်နှင့် ဝန်ထမ်းများသည် ခရမ်းမြို့နယ်ရှိ စားအုန်းဆီကိုယ်စားလှယ် ဦးရဲဝင်း၏ စားအုန်းဆီ ဖြန့်ဖြူးရောင်းချလျက်ရှိသော ဈေးဆိုင်သို့ သွားရောက် တွေ့ဆုံခဲ့ပြီး မိမိအနေဖြင့် စားအုန်းဆီ ခွဲတမ်းရရှိနေသည့် ကုမ္ပဏီအမည်၊ စားအုန်းဆီ တစ်ရက်ခွဲတမ်းရရှိသည့် ပေပါ၊ ပိဿာ၊ တစ်ရက်လျှင် ဖြန့်ဖြူးရောင်းချနေသည် စားအုန်းဆီပေပါ၊ ပိဿာနှင့် စားသုံးသူပြည်သူများထံသို့ လူတစ်ဦးလျှင် တစ်ရက်(သို့မဟုတ်) တစ်ပတ်ရောင်းချပေးနေသည့် ဆီ ကျပ်သားနှုန်းများ လက်လီ၊ လက်ကား ဈေးနှုန်းတို့အား စာရင်းကောက်ယူခဲ့ပြီး စားအုန်းဆီ ကိုယ်စားလှယ်များအနေဖြင့် တစ်ရက်ထုတ်ယူရရှိသည့် ပေပါ၊ ပိဿာနှင့် တစ်ရက်ပြန်လည် ဖြန့်ဖြူး ရောင်းချနေသည့် ပေပါ၊ ပိဿာစာရင်း ကိုက်ညီမှု ရှိ/မရှိ အခြေအနေအား စားအုန်းဆီဈေးနှုန်း တည်ငြိမ်မှုမရှိစေရန်နှင့် ဈေးကစားရန် ရည်ရွယ်ချက်ဖြင့် သိုလှောင်ထားခြင်းများ၊ သက်ဆိုင်ရာမှ သတ်မှတ်အခြေခံလက်ကား ရည်ညွှန်းဈေးအပေါ် နှစ်ရာခိုင်နှုန်းအမြတ်ထက်ပိုသော ဈေးနှုန်းဖြင့် ပြန်လည်ဖြန့်ဖြူး ရောင်းချခြင်းများ မပြုလုပ်ကြရန် စားသုံးသူကာကွယ်ရေးအသိပညာပေး ပြောကြားခဲ့ပြီး ရှောင်တခင် ကွင်းဆင်း စိစစ်ကြပ်မတ် ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။
DOCA(ရန်ကုန်)