ရွှေမဲဆိပ်ကမ်းရှိ MV ခိုင်ဇင်ယော်(၇၇) ရေယာဉ် ပေါ်ရှိကုန်ပစ္စည်းများ သွားရောက်စစ်ဆေးခြင်း

Powered by Drupal

ရန်ကုန်တိုင်းဒေသကြီး တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးအထူးအဖွဲ့၏ ညွှန်ကြား ချက်အရ အကောက်ခွန်ဦးစီးဌာန၊ ရေကြောင်းရဲတပ်ဖွဲ့၊ တိုင်းရဲတပ်ဖွဲ့၊ မူးယစ်ရဲတပ်ဖွဲ့၊ အရှေ့ပိုင်း ခရိုင် စားသုံးသူရေးရာဦးစီးဌာန၊ မြန်မာ့ဆိပ်ကမ်းအာဏာပိုင်၊ အမှတ်(၃)ရေကြောင်းရဲကွက်ကဲမှု အဖွဲ့တို့ ပါဝင်သောအဖွဲ့များသည် ရွှေပြည်သာမြို့နယ် နိုင်ဂရုဆိပ်ကမ်းအား ၁၅.၃.၂၀၂၅ ရက် နေ့ နေ့လည် (၁၄:၀၀)နာရီတွင် သွားရောက်စစ် ဆေးခဲ့ကြောင်း သိရှိရပါသည်။

          ထိုသို့စစ်ဆေးရာတွင်  ကော့သောင်း မှ ရန်ကုန် သို့ ထွက်ခွာလာသည့် ကမ်းရိုးတန်း သင်္ဘော ဖြစ်သော    MV ခိုင်ဇင်ယော်(၇၇) သင်္ဘောဖြင့်   ဆောက်လုပ်ရေးသုံးကုန်ပစ္စည်းမျိုးစုံ ပါဝင်ပြီး သက်ဆိုင်ရာဌာနများ၏ထောက်ခံချက်များဖြင့် တရားဝင်တင်သွင်းလာသော ကုန်စည် များဖြစ်သည့် အတွက် တရားမဝင်ကုန်ပစ္စည်းများဖြစ်သည်ကို စစ်ဆေးတွေ့ရှိခဲ့ပါကြောင်းနှင့် စီးပွားရေးလုပ်ငန်းရှင်၏တာဝန်များကိုလိုက်နာရန်လည်းလိုအပ်ပါကြောင်း လက်နက်ခဲယမ်းများ သိုဝှက်သယ်ဆောင်မှု မရှိစေရေး အသိပညာပေးပြောကြားခဲ့ကြောင်း သိရှိ ရပါသည်။

DOCA(ရန်ကုန်)