
ရန်ကုန်တိုင်းဒေသကြီး တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးအထူးအဖွဲ့၏ ညွှန်ကြား ချက်အရအကောက်ခွန်ဦးစီးဌာန၊ ရေကြောင်းရဲတပ်ဖွဲ့၊ တိုင်းရဲတပ်ဖွဲ့၊ မူးယစ်ရဲတပ်ဖွဲ့၊ အရှေ့ပိုင်း ခရိုင် စားသုံးသူရေးရာဦးစီးဌာန၊ မြန်မာ့ဆိပ်ကမ်းအာဏာပိုင်၊ အမှတ်(၃)ရေကြောင်းရဲကွက်ကဲမှု အဖွဲ့တို့ ပါဝင်သောအဖွဲ့များသည် ရွှေပြည်သာမြို့နယ် နိုင်ဂရုဆိပ်ကမ်းအား ၁၅.၃.၂၀၂၅ ရက် နေ့ နေ့လည် (၁၄:၀၀)နာရီတွင် သွားရောက်စစ် ဆေးခဲ့ကြောင်း သိရှိရပါသည်။
ထိုသို့စစ်ဆေးရာတွင် ကော့သောင်း မှ ရန်ကုန် သို့ ထွက်ခွာလာသည့် ကမ်းရိုးတန်း သင်္ဘော ဖြစ်သော MV စိန်မင်းသား သင်္ဘောဖြင့် ကုန်ပစ္စည်းမျိုးစုံပါဝင်ပြီး သက်ဆိုင်ရာဌာန များ၏ ထောက်ခံချက်များဖြင့် တရားဝင်တင်သွင်းလာသော ကုန်စည်များဖြစ်သည့်အတွက် တရားမဝင်ကုန်ပစ္စည်း များဖြစ်သည်ကို စစ်ဆေးတွေ့ရှိခဲ့ပါကြောင်းနှင့် လက်နက်ခဲယမ်းနှင့် မူးယစ်ဆေးဝါးများသိုဝှက်သယ် ဆောင်မှုမရှိစေရေး အသိပညာပေးပြောကြားခဲ့ကြောင်း သိရှိရပါသည်။
DOCA(ရန်ကုန်)