နိုင်ငံတော်သည် ၂၀၂၅ ခုနှစ်၊ ပထမ ၂ လအတွင်း ရာဘာတင်ပို့မှုမှ အမေရိကန်ဒေါ်လာ ၁၀၆ သန်းကျော် ရရှိ

Powered by Drupal

          ကမ္ဘောဒီးယားနိုင်ငံသည် ၂၀၂၅ ခုနှစ်၊ ပထမ (၂) လအတွင်း ရာဘာထုတ်ကုန်တင်ပို့မှုမှ  အမေရိကန်ဒေါ်လာ ၁၀၆ သန်းကျော်ရရှိခဲ့ကြောင်း စိုက်ပျိုးရေး၊ သစ်တောနှင့် ရေလုပ်ငန်း ဝန်ကြီးဌာန (MAFF) လက်အောက်ရှိ ရာဘာအထွေထွေညွှန်ကြားရေးမှူးဦးစီးဌာန က ၁၄-၃-၂၀၂၅ ရက်နေ့က ထုတ်ပြန်ခဲ့သည်။ ၂၀၂၅ ခုနှစ် ဖေဖော်ဝါရီလအထိ ရာဘာတင်ပို့မှုမှ ဝင်ငွေစုစုပေါင်း အမေရိကန်ဒေါ်လာ ၁၀၅.၁၂ သန်း ရှိခဲ့ပြီး ဝင်ငွေအခွန် ကန်ဒေါ်လာ ၉၆၈,၅၃၀ ရရှိခဲ့ကြောင်း အစီရင်ခံစာတွင် ဖော်ပြထားသည်။ ကမ္ဘောဒီးယားနိုင်ငံ၏ စုစုပေါင်းရာဘာစိုက်ခင်းဧရိယာသည် ၄၂၅,၄၄၃ ဟက်တာကျယ်ဝန်းပြီး လက်ရှိတွင် ၃၃၀,၂၅၉ ဟက်တာ(၇၈ ရာခိုင်နှုန်း) သည် ရိတ်သိမ်းရန်အတွက် အဆင်သင့်ဖြစ်နေပြီး ၉၅,၁၈၄ ဟက်တာ (၂၂ ရာခိုင်နှုန်း) သည်စိုက်ပျိုးဆဲ အဆင့်တွင်ဖြစ်သည်။ ရာဘာညွှန်ကြားမှုဦးစီးဌာန၊ ခေတ္တညွှန်ကြားရေးမှူးချုပ် Khun Kakada က ၂၀၂၅ ခုနှစ်၊ ဖေဖော်ဝါရီလတွင် ပျမ်းမျှရာဘာရောင်းဈေးမှာ တစ်တန်လျှင် အမေရိကန် ဒေါ်လာ ၁,၉၀၇ ရှိပြီး ယခင်လအောက် တစ်တန်လျှင် ၂၆ ဒေါ်လာ ကျဆင်းသွားခဲ့ကြောင်း ပြောကြားခဲ့သည်။ စိုက်ပျိုးရေး၊ သစ်တောနှင့် ရေလုပ်ငန်းဝန်ကြီးဌာန(MAFF)၊ ဝန်ကြီး Dith Tina က စိုက်ပျိုးရေးကဏ္ဍသည် စာနပ်ရိက္ခာဖူလုံမှု၊ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှု၊ အလုပ်အကိုင် များ ဖန်တီးပေးရေးနှင့် ပြည်သူများ၏ အသက်မွေးဝမ်းကြောင်းမြှင့်တင်‌ရေးတို့တွင် အဓိကအခန်း ကဏ္ဍမှပါဝင်နေကြောင်း ပြောကြားခဲ့သည်။ လက်ရှိတွင် ကမ္ဘောဒီးယားနိုင်ငံ၌ ရာဘာနှင့် ရာဘာသား ပြုပြင်ထုတ်လုပ်သည့် စက်ရုံပေါင်း ၁၇၉ ရုံရှိပြီး ၂၀၂၃ ခုနှစ်နှင့် နှိုင်းယှဉ်ပါက (၆) ရုံ တိုးလာခဲ့ကြောင်း ဆက်လက်ပြောကြားခဲ့သည်။

DOCA(ရန်ကုန်)