
နယူးဇီလန်နှင့် အိန္ဒိယတို့သည် ဘက်စုံလွတ်လပ်သော ကုန်သွယ်မှု သဘောတူညီချက် (FTA) ဆိုင်ရာ စေ့စပ်ညှိနှိုင်းမှုများကိုဆောင်ရွက်ရန် နှစ်နိုင်ငံကုန်သွယ်ရေးဝန်ကြီးများ တွေ့ဆုံပြီးနောက် ဧပြီလတွင် စတင်ရန် သဘောတူညီခဲ့ကြသည်။
နယူးဇီလန် ကုန်သွယ်ရေးနှင့်ရင်းနှီးမြှုပ်နှံမှုဝန်ကြီး Todd McClay နှင့် အိန္ဒိယ မိတ်ဖက် Piyush Goyal တို့ နယူးဒေလီတွင် ဆွေးနွေးမှုအပြီး ထွက်ပေါ် လာသော ဤကြေငြာချက်သည် အိန္ဒိယနှင့် နယူးဇီလန်နိုင်ငံကြား စီးပွားရေး ဆက်ဆံရေးအတွက် ကြီးမားသော အောင်မြင်မှု တစ်ခု ဖြစ်ကြောင်း နယူးဇီလန် ဝန်ကြီးချုပ် Christopher Luxon က ပြောကြားခဲ့သည်။
အိန္ဒိယနိုင်ငံသည် နယူးဇီလန်အတွက် သိသာထင်ရှားသော အလားအလာများကို ရရှိထားပြီး လာမည့်ဆယ်စုနှစ်အတွင်း နယူးဇီလန်၏ ပို့ကုန်တန်ဖိုးကို နှစ်ဆတိုးလာစေရန် အတွက် အဓိကအခန်းကဏ္ဍမှ ပါဝင်မည်ဖြစ်ကြောင်း Luxon က ပြောကြားခဲ့သည်။
ကုန်သွယ်ရေးသဘောတူညီချက် ညှိနှိုင်းမှုများနှင့်အတူ နယူးဇီလန်သည် ဆက်ဆံရေး၏ မဏ္ဍိုင်တစ်လျှောက် အိန္ဒိယနှင့် ပိုမိုခိုင်မာ၊ ပိုမိုနက်ရှိုင်းပြီး ရေရှည်တည်တံ့သော ဆက်သွယ် ဆောင်ရွက်မှုများတွင် ဆက်လက်ရင်းနှီးမြှုပ်နှံသွားမည်ဖြစ်ကြောင်း McClay က ပြောကြားခဲ့သည်။
DOCA(ရန်ကုန်)