
အင်ဒိုနီးရှားနိုင်ငံသည် ၂၀၂၆ ခုနှစ်တွင် အလွန်အမင်း ဆင်းရဲမွဲတေမှု ပပျောက်ရေး အတွက် အရှိန်အဟုန်ဖြင့် ကြိုးပမ်းဆောင်ရွက်သွားရန် ရည်မှန်းထားကြောင်း ကွန်မြူနတီ စွမ်းအားမြှင့်တင်ရေး ညှိနှိုင်းရေးဝန်ကြီး Abdul Muhaimin Iskandar က မတ်လ ၁၄ ရက်နေ့ တွင်ပြောကြားခဲ့သည်။ ဆင်းရဲနွမ်းပါးမှု လျှော့ချရေးအရှိန်မြှင့်ရန်နှင့် အလွန်အမင်း ဆင်းရဲ နွမ်းပါးမှု လျှော့ချရေး နည်းလမ်း များကို ဆွေးနွေးရန် ဝန်ကြီးဌာနများနှင့် အေဂျင်စီများ တွေ့ဆုံ မှုများပြုလုပ်ခဲ့ပြီး သမ္မတ၏ ညွှန်ကြားချက်ကို ၂၀၂၆ ခုနှစ် နောက်ဆုံးထားပြီး အလွန်အမင်း ဆင်းရဲနွမ်းပါးမှု သုညရာခိုင်နှုန်းသို့ လျှော့ချရန် ရည်ရွယ်ထားကြကြောင်း Iskandar က ဂျကာတာတွင် သတင်းထောက်များအား ပြောကြားခဲ့သည်။ အင်ဒိုနီးရှားတွင် ဆင်းရဲသားအဖြစ် သတ်မှတ်ခံရသူ အရေအတွက်မှာ လက်ရှိတွင် ၂၄.၈ သန်း သို့မဟုတ် စုစုပေါင်း လူဦးရေ၏ ၈.၇ ရာခိုင်နှုန်းရှိကြောင်း ၎င်းက မှတ်ချက်ပြုခဲ့သည်။ ၂၀၂၉ ခုနှစ် တွင် ဆင်းရဲနွမ်းပါးမှုနှုန်းကို ၄.၅ ရာခိုင်နှုန်းသို့ လျှော့ချရန် အစိုးရက ရည်မှန်းထားသည်။ ဤပန်းတိုင် ကိုအောင်မြင်ရန် အဓိကဗျူဟာများထဲမှတစ်ခုမှာ လူမှုရေးအကူအညီနှင့် အိမ်ရာထောက်ပံ့ ကြေးများ ကဲ့သို့သော အစိုးရအစီအစဉ်များကို လက်ခံရရှိသူများကို တိကျစွာပစ်မှတ်ထားကြောင်း ၎င်းက ပြောကြားခဲ့သည်။ "ကျွန်ုပ်တို့၏ဆင်းရဲမွဲတေမှုနှုန်းသည် ပိုမိုကျဆင်းလာမည်ဟု မျှော်လင့်ပါ သည်" ဟု Iskandar က ထပ်လောင်းပြောကြားခဲ့သည်။
DOCA(ရန်ကုန်)