
အမေရိကန်ပြည်ထောင်စုသည် ရုရှား၏ ရေနံ၊ သဘာဝဓာတ်ငွေ့နှင့် ဘဏ်လုပ်ငန်း ကဏ္ဍများအပေါ် ကန့်သတ်ချက်များ တင်းကျပ်ထားကြောင်း CBC သတင်းအရသိရသည်။ အမေရိကန် ဘဏ္ဍာရေး ဌာနသည် ဇန်န၀ါရီလတွင် Biden စီမံအုပ်ချုပ်မှုမှ စတင်ခဲ့သော ရက် ၆၀ ကင်းလွတ်ခွင့်ကို မတ်လ ၁၂ ရက်နေ့တွင် အဆုံးသတ်ခဲ့ပြီး ဒဏ်ခတ်ပိတ်ဆို့ထားသော ရုရှားဘဏ်များအပါအဝင် စွမ်းအင်ဆိုင်ရာ အရောင်းအဝယ်အချို့ကို ဆက်လက် လုပ်ဆောင်နိုင်ခဲ့ကြောင်း CBC သတင်းဌာနက ဖော်ပြခဲ့ သည်။ အမေရိကန် ဘဏ်လုပ်ငန်း စနစ်များသို့ ဝင်ရောက်ခွင့်ကို တင်းကျပ်ထားခြင်းကြောင့် ရုရှား ရေနံ ဝယ်ယူရန် အခြားနိုင်ငံများ အတွက် ပိုမိုခက်ခဲစေကာ တစ်စည်လျှင် အမေရိကန်ဒေါ်လာ ၅ ဒေါ်လာအထိ ဈေးတက်စေနိုင် ကြောင်းသိရသည်။ ရုရှား-ယူကရိန်း ပဋိပက္ခအဆုံးသတ်ရန် ရက်ပေါင်း ၃၀ အပစ်အခတ် ရပ်စဲရေး အဆိုပြုချက်ကို ရုရှားမှ သဘောတူရန် သမ္မတ ဒေါ်နယ်ထရန့် အစိုးရက စည်းရုံး သိမ်းသွင်းရန် ကြိုးပမ်းနေချိန်တွင် ထိုသို့ ပိုမိုပြင်းထန်သော ကန့်သတ်ချက်များ ထွက်ပေါ် လာခြင်းဖြစ်ကြောင်းသိရသည်။
DOCA(ရန်ကုန်)