
စားသုံးသူရေးရာဦးစီးဌာန၊စစ်ကိုင်းတိုင်းဒေသကြီး၊ စစ်ကိုင်းခရိုင်၊ ခရိုင်ဦးစီးမှူး၊ စစ်ကိုင်း မြို့နယ်တာဝန်ခံနှင့် ဝန်ထမ်း (၂)ဦးသည် ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ခရိုင်ပြည်သူ့ ကျန်းမာရေးဦးစီးဌာန၊ ခရိုင်အထူးစုံစမ်းစစ်ဆေးရေးဦးစီးဌာန၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့တို့မှ တာဝန်ရှိသူများနှင့်အတူ ပူးပေါင်း၍ ၂၀၂၅ခုနှစ်၊ မတ်လ ၁၀ရက်နေ့ နံနက်(၁၀: ၃၀)နာရီအချိန်တွင် စစ်ကိုင်းမြို့၊ မြို့သစ်ရပ်ရှိ “ဖြိုး” ဆီကိုယ်စားလှယ်သည် မန္တလေးမြို့ရှိ Mandaly Global Network Distribution Co;Ltdမှ စားအုန်းဆီကုမ္ပဏီမှ (၁)ပတ်မှ (၆)ရက်စာအတွက် ခွဲတမ်းရ စားသုံးဆီ (၄)ပေပါ သို့မဟုတ် ဆီပိဿာ(၄၄၀)ရောက်ရှိမှုအား ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရှိရပါသည်။
ထိုသို့ကွင်းဆင်းစစ်ဆေးရာတွင် စစ်ကိုင်းမြို့၊ “ဖြိုး” ဆီကိုယ်စားလှယ်က ခွဲတမ်းရရှိလာသော စားအုန်းဆီများကို ရည်ညွှန်းဈေး၊ သယ်ယူ၊ ပို့ဆောင်ခ၊ ကုန်ကျစရိတ်နှင့် ၂ %အမြတ်တို့ဖြင့် လက်လီ/လက်ကားဆိုင်များသို့ ခွဲဝေရောင်းချပေးသွားမည်ဖြစ်ကြောင်း၊လက်လီ/လက်ကားဆိုင်များမှ စားသုံးသူပြည်သူများသို့ ၂ % အမြတ်ဖြင့် ပြန်လည်ရောင်းချပေးသွားမည်ဖြစ်ကြောင်း စားအုန်းဆီ ခွဲတမ်းရရှိသော လက်လီ/လက်ကားကိုယ်စားလှယ်ထံမှ သိရှိရပါသည်။
DOCA(စစ်ကိုင်း)