ကန့်ဘလူမြို့မဈေးတွင် ရောင်းချနေသည့် သရက်သီးခြောက်ဈေးနှုန်း

Powered by Drupal

စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူမြို့ “မြို့မဈေး”သည် နေ့စဉ်ဈေးရောင်းသူများ၊ ဈေးဝယ် သူများနှင့်စည်ကားလျက်ရှိပြီး ရာသီပေါ်သီးနှံများ၊ ဒေသထွက်ကုန်များ ရောင်းချလျက်ရှိရာ ယခုအခါ သရက်သီးခြောက်များ ရောင်းချလျက်ရှိကြောင်း သိရသည်။

ကန့်ဘလူခရိုင်သည် သရက်ခြံများရှိသည့်အတွက် သရက်သီးလှိုင်လှိုင်ပေါ်ချိန်၌ သရက်သီး ကိုပါးပါးလှီးကာ နေပူပူတွင် အခြောက်လှမ်းပြီး သိမ်းဆည်းထားကြောင်း၊ သရက်သီးခြောက်သည် မြို့ပေါ်ရပ်ကွက်များ၊ ကန့်ဘလူမြို့နယ်အတွင်းရှိ ကျေးရွာများမှလည်း ဝင်ရောက်ကြောင်း ၂၀၂၅ ခုနှစ်၊ မတ်လ တတိယပတ်အတွင်း ကန့်ဘလူ“မြို့မဈေး”တွင် ရောင်းချနေသည့်  သရက်သီးခြောက် ဈေးနှုန်းများမှာ (၁၀)ကျပ်သားလျှင်(၇၀၀)ကျပ်၊ (၅၀)ကျပ်သားလျှင်(၃၅၀၀)ကျပ်၊ (၁)ပိဿာလျှင် (၆၅၀၀)ကျပ်ဖြင့်ရောင်းချကြောင်း ကုန်မျိုးစုံရောင်းချသည့် လုပ်ငန်းရှင်များထံမှ သိရသည်။

DOCA(စစ်ကိုင်း)