Leave a message

Online Sales လုပ်ငန်းများနှင့် ပတ်သက်၍ အသိပညာပေး ဟောပြောဆွေးနွေးခြင်း

Powered by Drupal

စားသုံးသူရေးရာဦးစီးဌာန၊ ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်ဦးစီးမှူးရုံးအနေဖြင့် ပြည်ခရိုင် အတွင်းရှိ လုပ်ငန်းရှင်များအား Online Sales ဈေးရောင်းချခြင်းနှင့်ပတ်သက်၍ အသိပညာပေး ဟောပြောဆွေးနွေး ခြင်းများဆောင်ရွက်လျက်ရှိရာ ပြည်ခရိုင်၊ ပေါက်ခေါင်းမြို့နယ်တာဝန်ခံရုံး၌  (၂၁.၂.၂၀၂၅)နေ့တွင် ပေါက်ခေါင်းမြို့ရှိ ဆန်စက်လုပ်ငန်းရှင်များအားလည်းကောင်း၊ ပြည်မြို့နယ်၊ ဝက်ထီးကန်မြို့နယ်၊ အုပ်ချုပ်ရေးမှူးရုံး၌ (၂၄.၂.၂၀၂၅)နေ့တွင် ဝက်ထီးကန်မြို့ရှိ ဆီလုပ်ငန်းရှင် များအားလည်းကောင်း၊ ရွှေတောင်မြို့နယ်တာဝန်ခံရုံး၌ (၂၅.၂.၂၀၂၅)နေ့တွင် ရွှေတောင်မြို့ရှိ ဆန်စက်လုပ်ငန်းရှင်များ အားလည်းကောင်း၊ ပန်းတောင်းမြို့နယ်၊ နတ်မောက်ကျေးရွာ၊ အုပ်ချုပ် ရေးမှူးရုံး၌ (၂၅.၂.၂၀၂၅)နေ့တွင် ပန်းတောင်းမြို့အတွင်းရှိ ဆန်စက်လုပ်ငန်းရှင်များအား လည်းကောင်း တွေ့ဆုံ၍ Online Sales ဈေးရောင်းချခြင်းနှင့်ပတ်သက်၍ အသိပညာပေး ဟောပြော ဆွေးနွေးခြင်းများ ဆောင်ရွက်ခဲ့ပါသည်။

          အဆိုပါ ဆွေးနွေးဟောပြောပွဲတွင် လုပ်ငန်းရှင်များအနေဖြင့် Online Sales ဈေးရောင်း ချခြင်းနှင့်ပတ်သက်၍ သိရှိလိုက်နာရမည့်အချက်များ၊ Online Sales မှတ်ပုံတင်ခြင်း ဆိုင်ရာ အချက်များအား ရှင်းလင်းဆွေးနွေးခြင်းဆောင်ရွက်ခဲ့ရာ တက်ရောက်လာသော လုပ်ငန်းရှင် များမှ သိရှိလိုသည်များ ပြန်လည်မေးမြန်းခြင်းနှင့် သက်ဆိုင်ရာ မြို့နယ်တာဝန်ခံများမှ ပြန်လည် ရှင်းလင်းခြင်းဆောင်ရွက်ခဲ့ပြီး ဆွေးနွေးပွဲသို့ ပြည်ခရိုင်အတွင်း မြို့နယ်အားလုံးမှ စီးပွားရေး လုပ်ငန်းရှင် (၅၆)ဦး တက်ရောက်ခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(ပဲခူး)

 

a