
စားသုံးသူရေးရာဦးစီးဌာန၊ မကွေးတိုင်းဒေသကြီး၊ အောင်လံခရိုင်၊ အောင်လံမြို့နယ်တာဝန်ခံ နှင့် ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး၊ မြို့နယ်ရဲတပ်ဖွဲ့၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့တို့ ပူးပေါင်း ပါဝင်သောအဖွဲ့သည် (၁၆.၃.၂၀၂၅)ရက်နေ့၊ နံနက်(၁၁:၃၀)အချိန်တွင် ဈေးကွက်အတွင်း ရောင်းချလျက်ရှိသော ဆင်းကတ်များအား ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော အမိန့်ကြော်ငြာစာ၊ အမိန့် ညွှန်ကြားချက်နှင့် လုပ်ထုံးလုပ်နည်းများနှင့်အညီ ဆင်းကတ်များ စနစ်တကျမှတ်ပုံတင် ရောင်းချနိုင်ရန်နှင့် တရားမဝင် ဆင်းကတ်ရောင်းချမှုများရှိ/မရှိ အောင်လံမြို့ပေါ်ရှိ ဖုန်းဆိုင် (ဆင်းကတ်) အရောင်းဆိုင်(၁၀)ဆိုင်အား လိုက်လံကွင်းဆင်း စစ်ဆေးခဲ့ကြောင်း သိရသည်။
ထိုသို့ ကွင်းဆင်းစစ်ဆေးရာ ဖုန်းဆိုင်(၁၀)ဆိုင်တွင် ပြည်သူများထံသို့ အမိန့်ညွှန်ကြားချက်နှင့် လုပ်ထုံးလုပ်နည်းများနှင့်အညီ ဆင်းကတ်များအား စနစ်တကျ မှတ်ပုံတင်ရောင်းချလျက်ရှိပြီး တရား မဝင်ဆင်းကတ်များ ရောင်းချမှုမရှိကြောင်း လိုက်လံစစ်ဆေးတွေ့ရှိရကြောင်း သိရှိရပါသည်။
DOCA(မကွေး)