
ကမ္ဘောဒီးယားနိုင်ငံ၊ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး Cham Nimal က လျှပ်စစ်ကား(EV) ဈေးကွက်တွင် ရင်းနှီးမြှပ်နှံမှုများ မြှင့်တင်ရန်တိုက်တွန်း ခဲ့ပြီး စားသုံးသူများနှင့် သဘာဝပတ်ဝန်းကျင်ကိုအကျိုးပြုစေရန်အတွက် ကုန်ကျစရိတ်များ လျော့ချရန်၊ စွမ်းအင်ထိရောက်မှုနှင့် ဓာတ်ငွေ့ထုတ်လွှတ်မှုလျော့ချရန် အလားအလာများကို ပြောကြားခဲ့သည်။ ၁၄-၃-၂၀၂၅ ရက်နေ့က Premie Centre Sen Sok တွင်ကျင်းပပြုလုပ်ခဲ့ သည့် Peugeot 408 2025 Series ၏ တရားဝင်မိတ်ဆက်ပွဲအခမ်းအနား၌ ဝန်ကြီး Cham Nimal က ပြောကြားခဲ့ခြင်းဖြစ်သည်။ အဆိုပါ အခမ်းအနားသို့ ကမ္ဘောဒီးယားနိုင်ငံဆိုင်ရာ ပြင်သစ် သံအမတ်ကြီး Jacques PELLET ၊ ဌာနဆိုင်ရာများမှ တာဝန်ရှိသူများနှင့် အခြားသော စီပွားရေးလုပ်ငန်းရှင်များ တက်ရောက်ခဲ့သည်။ အခမ်းအနားတွင် Cham Nimal က စီးပွားရေး နှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနသည် ဆန်းသစ်တီထွင်မှု၊ ကုန်ထုတ်စွမ်းအားနှင့် စီးပွားရေး ထိရောက်မှုတို့ကို လှုံ့ဆော်ရန်အတွက် တရားမျှတသောယှဉ်ပြိုင်မှုကိုမြှင့်တင်ရန် ရည်ရွယ်ထား ကြောင်း ပြောကြားခဲ့သည်။ နိုင်ငံတော်၏ စီးပွားရေးနှင့်လူမှုဖွံ့ဖြိုးတိုးတက်မှုကို မြှင့်တင်ရာတွင် ပုဂ္ဂလိက ကဏ္ဍရင်းနှီးမြှုပ်နှံမှုနှင့် အစိုးရ-ပုဂ္ဂလိက ပူးပေါင်းဆောင်ရွက်မှု များ၏ အရေးပါသော အခန်းကဏ္ဍများကို ဆက်လက်ပြောကြားခဲ့သည်။ Peugeot 408 2025 Series မိတ်ဆက်ပွဲနှင့် ပတ်သက်၍ Cham Nimal က RMA Cambodia သည် ၎င်း၏ စီးပွားရေး တိုးတက်မှုနှင့် Peugeot အမှတ်တံဆိပ်၏ ကမ္ဘောဒီးယားနိုင်ငံတွင် ဈေးကွက်ချဲ့ထွင်ရန် ဆုံးဖြတ်ခဲ့ခြင်းအတွက် ချီးကျူးခဲ့ သည်။ RMA Cambodia သည် ကမ္ဘောဒီးယားနိုင်ငံတွင် အလုပ်အကိုင် များစွာကို ဖန်တီးပေးပြီး ကမ္ဘောဒီးယားမော်တော်ကားဈေးကွက်၏ ပြိုင်ဆိုင်မှု စွမ်းရည်ကို မြှင့်တင်ပေးသည့် RMA Cambodia ၏မော်တော်ကားတပ်ဆင်ရေးစက်ရုံ တည်ထောင်ခြင်းသည် သုံးစွဲသူများအတွက် သင့်လျော်သောဈေးနှုန်းဖြင့် အရည်အသွေးပြည့်မီသော မော်တော်ကားများကို ပံ့ပိုးခြင်း၊ မတူ ကွဲပြားသော လိုအပ်ချက်များနှင့် စိတ်ကြိုက် ရွေးချယ်မှုကို လုံလောက်စွာဖြည့်ဆည်းပေးခြင်းဖြင့် အကျိုးကျေးဇူးများစွာဖြစ်ထွန်းစေနိုင်ကြောင်း Cham Nimal က အလေးပေးပြောကြားခဲ့သည်။
DOCA(ရန်ကုန်)