
Oddar Meanchey ပြည်နယ်အခြေစိုက် Hang Harvest Agriculture Co Ltd နှင့် တရုတ်နိုင်ငံ၊ အစိုးရပိုင်စားသောက်ကုန်ရောင်းဝယ်ရေးလုပ်ငန်းဖြစ်သည့် COFCO Bio-Energy Co Ltd တို့သည့် ကမ္ဘောဒီးယားနိုင်ငံမှ ပီလောပီနံခြောက် တန်ချိန် ၂၀၀,၀၀၀ ကိုဝယ်ယူရန် နားလည်မှုစာချွန်လွှာ (MoU) ကို ၁၄-၃-၂၀၂၅ ရက်နေ့က လက်မှတ်ရေးထိုးခဲ့ကြသည်။ အခမ်းအနားသို့ တရုတ်နိုင်ငံ၊ Guangxi ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသမှ ကူးသန်းရောင်းဝယ်ရေး ဌာန၊ Nanning မြို့ရှိ ကမ္ဘောဒီးယားကူးသန်းရောင်းဝယ်မှုဆက်ဆံရေးရုံး၊ Beihai မြို့အစိုးရ အဖွဲ့များ၊ ကမ္ဘောဒီယားနိုင်ငံ စိုက်ပျိုးရေးနှင့် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးရုံးမှ တာဝန် ရှိသူများနှင့် ကမ္ဘောဒီးယားနိုင်ငံနှင့် တရုတ်နိုင်ငံတို့မှ သီဟိုဠ်စေ့ရောင်းချဝယ်ယူသူများ တက်ရောက်ခဲ့ကြသည်။ ကမ္ဘောဒီးယားနိုင်ငံ၊ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန (MoC) ၏ ထုတ်ပြန်ချက်အရ ကမ္ဘောဒီးယားနိုင်ငံနှင့်တရုတ်နိုင်ငံတို့အကြား ကုန်သွယ်မှုပူပေါင်း ဆောင်ရွက်မှု ကိုအားကောင်းစေပြီး တရုတ်ရုတ်ဈေးကွက်သို့ ကမ္ဘောဒီးယား ပီလောပီနံ တင်ပို့မှုကို မြှင့်တင်ရန်ရည်ရွယ်ထားသည်။
DOCA(ရန်ကုန်)