
ပါရှန်ပြက္ခဒိန်နှစ် ၁၄၀၃ ခုနှစ်အတွင်း အာဖဂန်နစ္စတန်၏ နိုင်ငံတကာ ကုန်စည် ကုန်သွယ်မှုသည် အမေရိကန်ဒေါ်လာ ၂၉၅ သန်းအထိရောက်ရှိခဲ့ကြောင်း နိုင်ငံ၏ ကူးသန်းရ ောင်းဝယ်ရေးနှင့်စက်မှုဝန်ကြီးဌာနက တနင်္ဂနွေနေ့တွင် သတင်းထုတ်ပြန်ခဲ့သည်။ ၂၀၂၄ ခုနှစ် မတ်လ ၂၀ ရက်မှစတင်ကာ ၂၀၂၅ ခုနှစ်မတ်လ ၂၀ ရက်နေ့တွင်ကုန်ဆုံးမည်ဖြစ်သော နှစ် အတွင်း နိုင်ငံ၏ပို့ကုန်တန်ဖိုးသည် ဒေါ်လာ ၁၂၈ သန်းရှိပြီး သွင်းကုန်တန်ဖိုးမှာ ဒေါ်လာ ၁၆၇ သန်းရှိကြောင်း ဝန်ကြီးဌာနမှ ပြောရေး ဆိုခွင့်ရှိသူ Akhundzada Abdul Salam Jawad က ရှင်းပြခဲ့သည်။ သြစတြေးလျ၊ ဂျော်ဒန်၊ စပိန်၊ အာရပ်စော်ဘွားများပြည်ထောင်စု၊ အင်ဒိုနီးရှား၊ ဗြိတိန်၊ အမေရိကန်၊ တောင်အာဖရိက၊ ဂျာမနီ၊ တရုတ်နှင့် အိန္ဒိယ အပါအဝင်နိုင်ငံအသီးသီးနှင့် လေကြောင်းစင်္ကြံများမှ တစ်ဆင့်ကူးသန်းရောင်းဝယ် ရေးကုန်စည်ဖလှယ်မှုတွင်ပါဝင်ခဲ့ကြောင်း Jawad က ရှင်းပြခဲ့သည်။ အာဖဂန်နစ္စတန်နိုင်ငံ၏ အဓိက ပို့ကုန်များမှာ သစ်သီးခြောက်များ၊ Saffron၊ လက်မှုပစ္စည်းများနှင့် အခြားပစ္စည်းများပါဝင်ပြီး ဆေးဘက်ဆိုင်ရာ အထောက်အပံ့များ နှင့်လျှပ်စစ်ပစ္စည်းများအား အဓိကတင်သွင်းလျှက်ရှိကြောင်း သိရသည်။
DOCA(ရန်ကုန်)