ဖေဖော်ဝါရီလတွင် VinFast ၏ လျှပ်စစ်မော်တော်ယာဉ်ရောင်းချရမှု ၂၅ ရာခိုင်နှုန်း မြင့်တက်

Powered by Drupal

          ဗီယက်နမ်နိုင်ငံ၏ အကြီးမားဆုံး လျှပ်စစ်မော်တော်ယာဉ်ထုတ်လုပ်သူဖြစ်သည့် VinFast သည် ဖေဖော်ဝါရီလတွင် အစီးရေ ၁၂၅၀၀ စီးရောင်းချခဲ့ရပြီး ဇန်နဝါရီလကထက် ၂၅ ရာခိုင်နှုန်းမြင့်တက်ခဲ့ကြောင်း သိရပါသည်။ VF 3 မော်ဒယ်မှာ ၎င်း၏ ယှဉ်ပြိုင်နိုင်စွမ်း ရှိသည့်ဈေးနှုန်း၊ အရွယ်အစားနှင့် ဒီဇိုင်းတို့ကြောင့် အစီးရေ ၅၂၀၀ စီးဖြင့် ထိပ်ဆုံးမှဦးဆောင် ခဲ့ကြောင်း သိရပါသည်။ VF 5 မော်ဒယ်မှာ အစီးရေ ၃၀၀၀ ကျော်ဖြင့် ရောင်းချရမှုတွင် ဒုတိယနေရာက ရပ်တည်ခဲ့ကြောင်း သိရပါသည်။ VF6 မော်ဒယ်မှာလည်း အစီးရေ ၂၀၀၀ နီးပါးဖြင့် အားကောင်း‌သောစွမ်းဆောင်ရည်ကို ပြသခဲ့ကြောင်း သိရပါသည်။ ကျန်ရှိသည့် အစီးရေ ၂၂၀၀ မှာ VF e34၊ VF 7၊ VF 8 နှင့် VF 9 မော်ဒယ်တို့ဖြစ်ပြီး VF 7 မော်ဒယ်သည် အစီးရေ ၅၇၀ ကျော်ရောင်းချခဲ့ရကြောင်း သိရပါသည်။ VinFast ၏ဖေဖော်ဝါရီရလဒ်သည် ၎င်းတို့၏ အားကောင်းသောပြည်တွင်းဈေးကွက်စွမ်းရည်ကြောင့် ဖြစ်ကြောင်း သိရပါသည်။ ၂၀၂၄ ခုနှစ်တွင် ဗီယက်နမ်၏ ရောင်းအားအကောင်းဆုံး ကားထုတ်လုပ်သူအဖြစ်ရပ်တည် ပြီးနောက် ကုမ္ပဏီသည် ၂၀၂၅ ခုနှစ်၏ ပထမနှစ်လတွင် လျှပ်စစ်မော်တော်ယာဉ် အစီးရေ ၂၃၀၀၀ နီးပါး ရောင်းချပြီးဖြစ်ကြောင်း သိရပါသည်။ VinFast ၏ Global CEO of Sales ဖြစ်သူ Duong Thi Thu Trang ကုမ္ပဏီသည် ရောင်းချမှုမူဝါဒများချိန်ညှိခြင်း၊ ထုတ်ကုန်သစ် များမိတ်ဆက်ခြင်းနှင့် ဝန်ဆောင်မှုအရည်အသွေးမြှင့်တင်ခြင်းတို့နှင့်အတူ ၂၀၂၅ ခုနှစ် ရည်မှန်းချက်များအတွက် ကောင်းမွန်စွာပြင်ဆင်ထားကြောင်း သိရပါသည်။

DOCA(ရန်ကုန်)