ဗီယက်နမ်တွင် Honda ၏ မော်တော်ဆိုင်ကယ်နှင့် ကားရောင်းချမှုမြင့်တက်

Powered by Drupal

          Honda ဗီယက်နမ်သည် ဖေဖော်ဝါရီလတွင် မော်တော်ဆိုင်ကယ်နှင့် ကား ရောင်းချမှု နှစ်ခုလုံး ကြီးထွားခဲ့ပြီး ၂၀၂၄ ခုနှစ် ဖေဖော်ဝါရီလထက် ၆၁.၇ ရာခိုင်နှုန်းနှင့် ၄၃ ရာခိုင်နှုန်း အသီးသီး မြင့်တက်ခဲ့ကြောင်း သိရပါသည်။ ကုမ္ပဏီသည် ဖေဖော်ဝါရီလတွင် မော်တော် ဆိုင်ကယ်အစီးရေ ၁၉၄၈၈၈ စီး ရောင်းချခဲ့ရပြီး ၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ်အတွက် စုစုပေါင်း ရောင်းချရမှုမှာ အစီးရေ ၂.၀၆ သန်း နီးပါးရှိခဲ့ပြီဖြစ်ပြီး ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ်ထက် ၇.၄ ရာခိုင်နှုန်းမြင့်တက်ခဲ့ကြောင်း သိရပါသည်။ ပြည်တွင်းရောင်းချရမှုများအပြင် Honda ဗီယက်နမ်သည် များစွာသောနိုင်ငံတကာဈေးကွက်များသို့ မော်တော်ဆိုင်ကယ်အစီးရေ ၂၀၇၉၄ စီးတင်ပို့ခဲ့ကြောင်း သိရပါသည်။ မော်တော်ကားကဏ္ဍတွင် Honda သည် ဖေဖော်ဝါရီလတွင် အစီးရေ ၁၈၀၈ စီးရောင်းချခဲ့ရပြီး ၂၀၂၄ ခုနှစ် ဖေဖော်ဝါရီလထက် ၄၃ ရာခိုင်နှုန်း မြင့်တက်ခဲ့ကြောင်း သိရပါသည်။ ယခုဘဏ္ဍာနှစ်အစမှစ၍ Honda သည် စုစုပေါင်း မော်‌တော်ကားအစီးရေ ၂၅၇၈၂ စီး ရောင်းချခဲ့ပြီးဖြစ်ပြီး လွန်ခဲ့သည့် ဘဏ္ဍာနှစ် ထက် ၁၃.၅ ရာခိုင်နှုန်း မြင့်တက်ခဲ့ကြောင်း သိရပါသည်။ Honda ဗီယက်နမ်၏ အဆိုအရ အားကောင်းသောဖေဖော်ဝါရီလစွမ်းဆောင်ရည်သည် Lunar နှစ်သစ်ကူးနောက်ပိုင်း ဈေးကွက်၏ နာလံထူလာမှုကိုရောင်ပြန်ဟပ်ကြောင်း သိရပါသည်။

DOCA(ရန်ကုန်)