ထားဝယ်မြို့‌ပေါ်ရှိ အလှကုန်အရောင်းဆိုင်များအား စျေးကွက်စောင့်ကြည့်စစ်ဆေးခြင်း

Powered by Drupal

          ၂၀၂၅ ခုနှစ် ၊ မတ်လ ၁၈ ရက်နေ့၊   နံနက် ၈း၀၀ နာရီအချိန်တွင် စားသုံးသူရေးရာဦးစီးဌာန၊ တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့မှ စစ်ဆေးရေးအရာရှိနှင့်ဝန်ထမ်းများသည် မိတ်ဖက်ဌာနများ ဖြစ်သည့် အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာန၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန၊ ဗဟိုစာရင်းအင်းအဖွဲ့၊ စည်ပင်သာယာရေးအဖွဲ့တို့နှင့်အတူ ထားဝယ်မြို့ပေါ်ရှိ အလှကုန် အရောင်းဆိုင်များအား စျေးကွက်စောင့်ကြည့်စစ်ဆေးခြင်း ဆောင်ရွက်ခဲ့ပါ သည်။

          အဆိုပါ စျေးကွက်စောင့်ကြည့်စစ်ဆေးရာတွင် သုံးစွဲသူပြည်သူများ‌ ဘေးအန္တရာယ်ကင်းရှင်းစွာ ဝယ်ယူသုံးစွဲနိုင်စေရေးအတွက် စျေးကွက်အတွင်း မြန်မာဘာသာနှင့်အခြားဘာသာတစ်ခုခုနှင့်ဖြစ်စေ တွဲလျက် ဖော်ပြထားသော ကုန်အညွှန်းအမှတ်အသား ပြည့်စုံမှန်ကန်စွာပါရှိသည့်အလှကုန်ပစ္စည်းများ ရောင်းချနေခြင်း၊ အွန်လိုင်းစနစ်ဖြင့်‌ရောင်းချခြင်းနှင့် ပတ်သက်၍ အွန်လိုင်းလိုင်စင်လျှောက်ထားခြင်း ကိစ္စရပ်များအကြောင်း၊ သက်ဆိုင်ရာဌာနများမှ တားမြစ်ထားသောအလှကုန်ပစ္စည်းများ‌ရောင်းချခြင်းနှင့် တရားမဝင်တင်သွင်းလာ‌သော အလှကုန်ပစ္စည်းများ ရောင်းချခြင်းများ ရှိ/မရှိစစ်ဆေးခြင်းများ ဆောင် ရွက်ခဲ့ကြောင်းသိရှိရပါသည်။

DOCA(တနင်္သာရီ)