ကသာမြို့ပေါ်ရှိ စက်သုံးဆီဆိုင်များအား ကွင်းဆင်းစစ်ဆေး

Powered by Drupal

စားသုံးသူရေးရာဦးစီးဌာန၊ ကသာခရိုင်ဦးစီးမှူးရုံးမှ ဒုတိယခရိုင်ဦးစီးမှူး ဦးကြည်နိုင်ဦး (ဦးစီးမှူး)မှ ဦးဆောင်၍ ခရိုင်ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန၊ ခရိုင်မီးသတ်ဦးစီးဌာန၊ မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့ဝင်များပါဝင်သော စားသုံးဆီနှင့် စက်သုံးဆီလုပ်ငန်းများ  စစ်ဆေးရေးအဖွဲ့သည် ကသာမြို့ပေါ်တွင် ရောင်းချလျက်ရှိသည့် စက်သုံးဆီ အရောင်းဆိုင်များသို့ သွားရောက်၍ အပတ်စဉ် ကွင်းဆင်းစစ်ဆေးခြင်း ဆောင်ရွက်လျက်ရှိရာ ၂၀၂၅-ခုနှစ် မတ်လ(၁၉)ရက်နေ့တွင် ကသာမြို့ပေါ်တွင် ဖွင့်လှစ်ရောင်းချလျက်ရှိသည့် စက်သုံးဆီ အရောင်းဆိုင်များသို့ ကွင်းဆင်းစစ်ဆေးခြင်းလုပ်ငန်းအား ဆောင်ရွက်ခဲ့ပါသည်။

ထိုသို့စစ်ဆေးခြင်း ဆောင်ရွက်ရာတွင် စစ်ဆေးရေးအဖွဲ့ဝင်များသည် စက်သုံးဆီအရောင်းဆိုင် များ၏ စက်သုံးဆီရောင်းချမှုအခြေအနေများ၊ စက်သုံးဆီဈေးနှုန်း၊ စက်သုံးဆီအရည်အသွေး၊ အခြင် အတွယ် မှန်ကန်မှု ရှိ/မရှိ၊ ဆီကား ရောက်ရှိမှုအခြေအနေများနှင့် ဆီလက်ကျန်အခြေအနေများအား စစ်ဆေးမေးမြန်းခြင်း ဆောင်ရွက်ခဲ့ပြီး မြို့နယ်အတွင်း စက်သုံးဆီပြတ်လပ်မှုမရှိစေရေးနှင့် စက်သုံး ဆီ ဈေးနှုန်း အဆမတန်မြှင့်တင်ရောင်းချမှုများ မရှိစေရေး တိုက်တွန်းဆွေးနွေးခဲ့ကြောင်း သိရသည်။

DOCA(စစ်ကိုင်း)