
၂၀၂၅ ခုနှစ် ၊ မတ်လ ၁၉ ရက်နေ့၊ ၁၀း၀၀ နာရီအချိန်တွင် တနင်္သာရီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ တိုင်းဒေသကြီးဦးစီးမှူးရုံးတွင် ထားဝယ်မြို့၊ သပြေချောင်းကျေးရွာ VIP စားသောက်ဆိုင်မှ စက်မှုကုန်ကြမ်းစားအုန်းဆီဝယ်ယူရရှိနိုင်ရေးအတွက် လာရောက်တွေ့ဆုံဆွေး နွေးခဲ့ပါသည်။
တွေ့ဆုံဆွေးနွေးရာတွင် တိုင်းဦးစီးမှူးမှ မိမိတို့လုပ်ငန်း၏ တစ်နေ့တာ စားအုန်းဆီသုံးစွဲမှု စာရင်း၊ တစ်လအတွက် စားအုန်းဆီသုံးစွဲမှုစာရင်းများကို တွက်ချက်၍တင်ပြရန်၊ သတ်မှတ် စျေးနှုန်းများ အတိုင်းမဖြစ်မနေဝယ်ယူရန်၊ ထားဝယ်ခရိုင်ဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များ အသင်းနှင့်ချိတ်ဆက်၍ ရန်ကုန်မြို့မှဆီသယ်ယူရေးကိစ္စများ ဆောင်ရွက်ရန်စသည်တို့ကို ဆွေး နွေးမှာကြားခဲ့ကြောင်း သိရှိရပါသည်။
DOCA(တနင်္သာရီ)