တနင်္သာရီတိုင်းဒေသကြီးဦးစီးမှူးမှ ကုန်အညွှန်းအမှတ်အသားလာရောက်လျှောက်ထားသော လုပ်ငန်းရှင်နှင့် တွေ့ဆုံဆွေးနွေးခြင်း

Powered by Drupal

          ၂၀၂၅ ခုနှစ်၊ မတ်လ ၁၉ ရက်နေ့၊ နံနက် (၁၀:၃၀)နာရီ အချိန်တွင် စားသုံးသူရေးရာ ဦးစီးဌာန၊ တနင်္သာရီတိုင်းဒေသကြီးဦးစီးမှူးရုံးတွင် တိုင်းဒေသကြီးဦးစီးမှူးမှ ကုန်အညွှန်းအမှတ် အသားဖော်ပြခြင်းနှင့် စပ်လျဥ်း၍ ရေဖြူမြို့၊ သဲချောင်းကျေးရွာမှ ဖူးဖူး အမှတ်တံဆိပ် သောက်ရေ သန့် လုပ်ငန်းရှင်နှင့် တွေ့ဆုံဆွေးနွေးခဲ့ပါသည်။

          ဆက်လက်၍ တိုင်းဒေသကြီးဦးစီးမှူးမှ ကုန်စည်နှင့်ဝန်ဆောင်မှုများကို စားသုံးသူပြည်သူ များ ဘေးအန္တရာယ်ကင်းရှင်းစွာ အသုံးပြုနိုင်စေရေးအတွက် စီးပွားရေးကျင့်ဝတ်များ၊ လုပ်ငန်းရှင် များ လိုက်နာရမည့် တာဝန်များအကြောင်း၊ ကုန်စည်များ၏ ကုန်အညွှန်းအမှတ်အသားများကို တိကျမှန်ကန်စွာ ဖော်ပြပေးရန်နှင့် ကုန်အညွှန်းအမှတ်အသားများကို တိကျမှန်ကန်စွာ ဖော်ပြ ခြင်းမရှိပါက စားသုံးသူကာကွယ်ရေးဥပဒေမှ ချမှတ်ထားသော ပြစ်မှုပြစ်ဒဏ် များအကြောင်းနှင့် ကုန်အညွှန်းအမှတ်အသား ဖော်ပြရာတွင် ကုန်စည်အမျိုးအစားအလိုက် ဖော်ပြပါရှိရမည့် အချက် များအား ရှင်းလင်းဆွေးနွေးခဲ့ပါသည်။

DOCA(တနင်္သာရီ)